နှစ်မကုန်ခင်လေးတော့ Sexy ဝတ်ပါရစေဆိုပြီးတောင်းဆိုလာတဲ့မေသစ္စာမောင်
popolay.com
|
2018-12-27

ရုပ်ရည်ရူပကာရော ကိုယ်ခန္ဓာအချိုးအစားနှစ်ခုစလုံး ပြောစရာမလိုအောင် ချောမောလှပတဲ့မော်ဒယ် မေသစ္စာမောင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကိုကိုတွေ၊ မောင်မောင်တွေရဲ့အသဲစွဲပဲဖြစ်ပါတယ်။







မေသစ္စာမောင်ဟာမကြာသေးခင်က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ သူမရဲ့ မျက်နှာကိုခွဲစိတ်ပြုပြင်ခဲ့ပါသေးတယ်။ သူမအနေနဲ့ မျက်နှာခွဲစိတ်ထားတာကို ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်ဆိုတာကလဲ လေးစားစရာပါပဲ။








မေသစ္စာမောင်က သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဒီနှစ်မကုန်ခင်လေးတော့ sexy လေးဝတ်ပါရစေဆိုပြီး တင်ခဲ့ပါတယ်။ သူမရဲ့ ဓာတ်ပုံတွေမှာ ရင်သားအလှကိုပေါ်လွင်အောင် ရိုက်ကူးထားပြီး သူမရဲ့ ဖြူဖွေးလှတဲ့အတွင်းသားတွေကလဲ တစ်မျိုးတစ်ဖုံဆွဲဆောင်လို့နေပါတယ်။







ဒီလို ပုံတွေကိုတင်မိတဲ့အတွက် တောင်းပန်တယ်လို့လဲသူမပရိတ်သတ်ကိုပြောကြားခဲ့ပါသေးတယ်။ နောက်မလုပ်ပါဘူး ဒါက ဂျာနယ်တစ်ခုအတွက် ရိုက်ပေးရတဲ့ photoshoot တစ်ခုပါ လို့ သူမက ပြောပြထားပါတယ်။








ကျစ်ကျစ်လစ်လစ် တင်းတင်းရင်းရင်းနဲ့ လိုလေးသေးမရှိ ပြောစရာမလိုအောင်လှပနေတဲ့သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကိုချီးကျူးတဲ့ ပရိတ်သတ်တွေကိုလဲ သူမက မန့်ထဲမှာကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။




Some text some message..