အကောာင်းဆုံး Drugstore Eyeliner အမျိုးအစား ၉ မျိုး
mystylemyanmar.com
|
2022-04-25

Eyeliner ဆိုးမယ်ဆိုရင် မျက်လုံးအတွက် စိတ်ချရတဲ့ quality ကောင်းတာမျိုးကို ရွေးချယ်သင့်ပါတယ်။ Eyeliner ကို မကောင်းတာတွေဆိုးပြီး မျက်လုံးယားတာ၊ နီရဲတာ၊ အဖုတွေထတာမျိုး ဖြစ်တတ်တဲ့အတွက် သေချာဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့် ဈေးသင့်တင့်ပြီး quality လည်းကောင်းတာမျိုးကို ရွေးချယ်လို့ရအောင် အကောာင်းဆုံး drugstore eyeliner အမျိုးအစား ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Revlon ColorStay Eyeliner


Waterproof ဖြစ်ပြီး ဆွဲရတာလည်း ပုံဖော်လို့ အရမ်းလွယ်ကူပြီး အဆင်ပြေပါတယ်။ မျက်လုံးအတွင်းသားတွေကို လိုက်ဖြည့်ပြီး ဆိုးမယ်ဆိုလည်း အဆင်ပြေတဲ့ eyeliner ဖြစ်ပါတယ်။

Milani Stay Put Liquid Eyeliner Pencil


အကောင်းဆုံး liquid eyeliner ဖြစ်ပါတယ်။ Eyeliner ကို liquid type ပဲကြိုက်တယ်ဆိုရင် ဘာမှစဉ်းစားမနေပဲ ဝယ်ချလိုက်လို့ရပါတယ်။

e.l.f. cream eyeliner pot


Best Ink Pot eyeliner လို့ သတ်မှတ်ခြင်းခံထားရတာပါ။ ဆိုးပြီးရင် eyeliner တွေ ပြန့်ကုန်တာမျိုးလည်း မဖြစ်ပဲ နက်မှောင်ပြီး အရမ်းလှပါတယ်။

CoverGirl Ink It Perfect Point Gel Eyeliner


Best Gel Liner လို့ သတ်မှတ်ခြင်းခံထားရတဲ့ gel eyeliner ဖြစ်ပါတယ်။ မျက်လုံးအတွင်းနားတွေပါ ဆိုးလို့အရမ်းအဆင်ပြေပါတယ်။

Rimmel Exaggerate Waterproof Eye Definer


Eyeliner ဆွဲလိုက်ရင် ကြာရှည်ခံတာမျိုးကို လိုချင်တဲ့သူတွေအတွက် Best Longwear eyeliner ဖြစ်ပါတယ်။ အရမ်းခံတဲ့အတွက် makeup remover နဲ့ သေချာဖျက်ပေးဖို့ လိုပါတယ်။

NYX Epic Ink Liner


ထိနပ်ပါးပါးလေးနဲ့ အရမ်းပုံဖော်ဆွဲလို့ကောင်းတဲ့ eyeliner ဖြစ်ပါတယ်။ Eyeliner ဆွဲရင် ဘေးဘက် wings လေးတွေထွက်ပြီး ဆွဲရတာမျိုးကို ကြိုက်တယ်ဆိုရင် NYX Epic Ink Liner ကို ရွေးချယ်သင့်ပါတယ်။

Wet n Wild Last Breakup-Proof Liquid Eyeliner


Cruelty-free ဖြစ်တာမျိုး လိုချင်ရင်တော့ drugstore ထဲမှာဆိုရင် Wet n Wild Last Breakup-Proof Liquid Eyeliner ကိုသာ ရွေးချယ်ပါ။

NYX Professionals Slim Eye Pencil


Eyeliner ဆွဲရင် မျက်လုံးအောက်နား အတွင်းသားတွေကိုပါ ဆွဲရတာမျိုးကြိုက်တယ်ဆိုရင် NYX Professionals Slim Eye Pencil ကို ရွေးချယ်ပါ။

Neutrogena Nourishing Eyeliner


ကိုယ့်ရဲ့မျက်လုံးက အရမ်း sensitive ဖြစ်တယ်၊ eyeliner ကို အရမ်းဈေးကြီးတာမျိုးလည်း မသုံးချင်ဘူးဆိုရင်တော့ drugstore ထဲက Neutrogena Nourishing Eyeliner ကိုသာ ရွေးချယ်ပါ။




Some text some message..