မိုးရာသီအတွက် ချစ်ဖို့ကောင်းတဲ့ Rain Theme လက်သည်းဒီဇိုင်းများ
mystylemyanmar.com
|
2022-05-23

လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ မိုးရာသီအတွက် ချစ်ဖို့ကောင်းတဲ့ Rain Theme လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအတို၊ အရှည် အားလုံးနဲ့လိုက်ဖက်ပြီး မိုးရာသီကို အပြည့်အဝခံစားရစေမယ့် ဒီဇိုင်းလေးပါ။ အရမ်းချစ်ဖို့ကောင်းလို့ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။


ဒါလေးက ကာလာစုံနဲ့ အရမ်းချစ်ဖို့ကောင်းပြီး မိုးရာသီအတွက် Rain Theme လက်သည်းဒီဇိုင်းလေးပါပဲ။ ဒီလက်သည်းဒီဇိုင်းလေးကတော့ လက်သည်းအချွန်ထားတဲ့သူတွေနဲ့ ပိုပြီးလိုက်ပါတယ်။


ဒီလက်သည်းဒီဇိုင်းဆိုရင် မိုးရာသီမှာ ဖားတွေထွက်တဲ့အတွက် ဖားပုံလေးပါထည့်ပြီး ပုံဖော်ထားတာ တကယ့်ကို Rain Theme ဒီဇိုင်လေးပါ။


ဒီလက်သည်းဒီဇိုင်းကျတော့ ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။ မိုးရွာနေတဲ့ပုံစံလေးကို ပုံဖော်ထားတဲ့ Cute Type လေးပါ။


ထီးပုံလေးနဲ့ မိုးစက်ကျနေတဲ့ ပုံစံလေးကို ပုံဖော်ထားတာ ချစ်ဖို့ကောင်းသလို လှလည်းလှတာကြောင့် ဒီလက်သည်းဒီဇိုင်းလေးကတော့ တော်တော်များများ သဘောကျမှာပါ။


မိုးစက်လေးတွေကို ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းကတော့ သုံးထားတဲ့အရောင်တွေကြောင့် ပိုလှသွားတာပါ။ လက်သည်းအတို၊ အရှည် အားလုံးနဲ့ လိုက်ဖက်ပါတယ်။


ကာလာနုနုလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ လက်သည်းအချွန်ထားတဲ့သူတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။


ဒီလက်သည်းဒီဇိုင်းလေးမှာတော့ ထီးပုံလေးနဲ့ မိုးစက်လေးက အသက်ပါပဲ။ ဒီဇိုင်းမရှုပ်ပဲ ဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။


လက်သည်းအချွန်ထားတယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုလည်း ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။


ကျောက်လေးတွေကပ်ပြီး မိုးစက်ပုံစံလေး ပုံဖော်ထားတာ အရမ်းလှပါတယ်။ ကလေးမဆန်ပဲ လှပြီး ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။


ဒီလက်သည်းဒီဇိုင်းလေးကတော့ မိုးစက်လေးတွေကိုပဲ အဓိကထားပြီး ပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။ အချိန်မရွေးပုံဖော်လို့ကောင်းတဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။


Photo source:www.pinterest.com




Some text some message..