အလှကြိုက်တဲ့မိန်းကလေးတိုင်း ညအိပ်ယာမဝင်ခင်မှာ လုပ်ပေးသင့်တဲ့အရာများ
mystylemyanmar.com
|
2022-05-23

အလှကြိုက်တဲ့ မိန်းကလေးတိုင်း ညအိပ်ယာမဝင်ခင်မှာ အမြဲတမ်း ပုံမှန်လုပ်ပေးသင့်တဲ့အရာတွေ ရှိပါတယ်။ ဒီအရာတွေကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ခေါင်းအစခြေအဆုံး လှပနေမှာ သေချာပါတယ်။

Skincare လိမ်းပါ


ညဘက်မှာ skincare လုပ်ပေးဖို့ လုံးဝကိုမမေ့သင့်ပါဘူး။ Makeup remover နဲ့ သေချာဖျက်ပြီး မျက်နှာသစ်ဆေးနဲ့သစ် ပြီးရင်တော့ toner, serum, moisturizer, eyecream သေချာလိမ်းပေးပါ။ Skincare တစ်ခုနဲ့တစ်ခုကြားမှာ စက္ကန့် ၃၀ လောက် ခြားပြီးလိမ်းပေးပါ။

ခြေထောက်သန့်စင်ပါ


အလှအပအတွက်ဆိုရင် ခြေထောက်ကလည်း အရေးပါပါတယ်။ အသားမဖြူရင်တောင်မှ ခြေထောက်လေးတွေ သန့်နေရင် ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါကြောင့် ညအိပ်ယာမဝင်ခင်မှာ ရေမချိုးလည်း ခြေထောက်ကို သေချာတိုက်ပြီး ခြောက်အောင်သုတ်၊ ပြီးရင် lotion (သို့) foot cream သေချာလိမ်းပါ။ ခြေဖနောင့်လေးတွေကိုလည်း လိမ်းပေးပါ။ ဒါမှ ခြေဖနောင့်ကွဲတာ၊ ကြမ်းတာမျိုးတွေ မဖြစ်မှာပါ။

Lotion လိမ်းပါ


ညအိပ်ယာဝင်ခါနီးမှာ lotion ပြန်လိမ်းဖို့ မမေ့ပါနဲ့။ တစ်နေကုန်လိမ်းထားတာက ရေစိုတာနဲ့ ပျက်ကုန်တာပါပဲ။ ဒီတော့ ရေမချိုးဖြစ်ရင်တောင် ဆေးကြောပြီး lotion ပြန်လိမ်းပါ။ အသားဖြူပြီး ကြည်ချင်ရင်တော့ ဒီအဆင့်ကိုလည်း ကျော်သွားလို့မဖြစ်ပါဘူး။

Eyelash, Eyebrow Serum သုံးပါ


အလှအပအတွက် မျက်တောင်နဲ့ မျက်ခုံးကလည်း အရေးကြီးပါတယ်။ ဒါကြောင့် မျက်တောင်လေးတွေ ရှည်လာဖို့၊ မျက်ခုံးလေးတွေပိုထူပြီးနက်လာဖို့ eyelash serum, eyebrow serum လည်း သုံးပေးဖို့ မမေ့ပါနဲ့။

Lip Care လုပ်ပါ


နှုတ်ခမ်းကွဲခြောက်ပြီး မဲနေရင် မလှပါဘူး။ ဒါကြောင့် တစ်ပတ်တစ်ခါ lip scrub လုပ်ပါ။ ညအိပ်ယာဝင်ခါနီးတိုင်းမှာ lip balm or lip mask လေး ဆိုးပေးပါ။

Hand Cream လိမ်းပါ


လက်အသားအရေ ခြောက်သွေ့ပြီး လက်ဖဝါးကြမ်းတမ်းနေတာမျိုးတွေ မဖြစ်အောင် ညအိပ်ယာဝင်ခါနီးတိုင်းမှာ hand cream လိမ်းပေးပါ။ လက်ဖဝါးနဲ့ လက်ဖမိုးလေးတွေ နူးညံ့ပြီး အရေပြားတွန့်တာတွေလည်း ဖြစ်တာနောက်ကျပါလိမ့်မယ်။

ဆံပင်ရှင်းပါ


မိန်းကလေးတိုင်းရဲ့ အလှအပအတွက် ဆံပင်ကလည်း အရမ်းအရေးပါတဲ့အရာပါ။ ဒါကြောင့် ညအိပ်ယာမဝင်ခင်မှာ ဆံပင်ကို သေချာရှင်းပြီး အဖျားတွေကို hair oil, hair serum လိမ်းပါ။ ပြီးရင် ဒီတိုင်းဖားလျားချပြီး မအိပ်ပဲ ကျစ်ဆံမြီးလျော့လျော့လေး ကျစ်အိပ်ပါ။ ဒါဆိုရင်တော့ ဆံသားကျိုးကြေ ပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ သက်သာပါမယ်။




Some text some message..