ကိုရီယားဖက်ရှင်ကိုမှ သူများနဲ့မတူပဲစတိုင်လ်ကျနေစေမယ့် Outfit Idea များ
mystylemyanmar.com
|
2022-06-27

ကိုရီးယားဖက်ရှင်ကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ကိုရီးယားဖက်ရှင်ကိုမှ သူများနဲ့မတူပဲ စတိုင်လ်ကျစေမယ့် outfit idea တွေကို မျှဝေပေးလိုက်ပါတယ်။

ဂျင်းဘောင်းဘီအရှည်ကို အပေါ်ကနေ အခွဲပါတဲ့ floral ဂါဝန်အရှည်လေး ဝတ်တာပဲဖြစ်ဖြစ်၊ ကြယ်သီးနဲ့ floral ဂါဝန်အရှည်ကိုမှ ဒီလိုလေးဝတ်တာပဲဖြစ်ဖြစ် တွဲဝတ်ကြည့်ပါ။ သူများနဲ့မတူပဲ စတိုင်လ်ကျနေစေပါတယ်။


ဂျင်းဘောင်းဘီအရှည်ကို ဒီလိုလေးတွဲဝတ်ပြီး boots လေးစီးလိုက်ရင် စတိုင်ကျပြီး မိုက်သွားစေပါတယ်။ ဒီ outfit မှာကျတော့ အဓိကကျတာက ဖိနပ်ပါ။


Tank top လေးတွေကို ဂျင်းဘောင်းဘီနဲ့တွဲဝတ်တဲ့ ဒီ outfit လေးဆိုလည်း စတိုင်လ်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။


ဂျင်းအကားလေးတွေကို ဒီလို crop top tee လေးတွေနဲ့ တွဲဝတ်တာက လူငယ်ဆန်ပြီး စတိုင်လ်ကျစေတဲ့ ဖက်ရှင်မျိုးပါ။


သားရေကြိုးနဲ့ ဘောင်းဘီအပွလေးတွေဝတ်မယ်ဆိုရင် ဒီ outfit လေးကို try ကြည့်ပါ။ ကိုရီးယားဆန်ပြီး စတိုင်လ်ကျစေပါတယ်။


ခရီးသွားတဲ့အခါမျိုးမှာဆိုရင် ဆွယ်တာလေးကို ဒီလိုမျိုးလေး တွဲဖက်ဝတ်ဆင်ပါ။ ဒီ outfit မှာဆိုရင် ဖိနပ်ကအသက်ပါပဲ။


Dress အမဲလေးတွေဝတ်မယ်ဆိုရင် ကိုရီးယားဆန်ဆန် အပေါ်ကနေ cardigan လေးတွေ ထပ်ဝတ်ပါ။ ပြီးရင်တော့ boots လေးတွေစီးတာက ပိုပြီးစတိုင်လ်ကျနေစေပါတယ်။


Cute ဖြစ်တဲ့ ဂါဝန်လေးတွေဝတ်မယ်ဆိုရင်တော့ sneaker အဖြူလေးနဲ့ ခြေအိတ်အရှည်လေးကို ဒီလိုလေး တွဲဖက်ဝတ်ဆင်ကြည့်ပါ။ စတိုင်လ်ကျပြီး ချစ်ဖို့လည်းကောင်းပါတယ်။


ဒီ outfit ကတော့ လုံးဝကို သူများနဲ့မတူပဲ စတိုင်လ်ကျနေတဲ့ ပုံစံလေးပါ။


စကပ်အကွက်လေးတွေကို vest top လေးတွေနဲ့တွဲဝတ်ပြီး boots လေးတွေစီးလိုက်ရင် သူများနဲ့မတူပဲ စတိုင်လ်ကျစေပါတယ်။ ဒီ outfit မှာဆိုရင် vest top နဲ့ ဖိနပ်က အသက်ပါပဲ။


တင်းနစ်စကပ်လေးတွေကိုဝတ်ရင် cute type ဘက်သွားတာများပါတယ်။ ဒါပေမယ့် ဒီ outfit မှာကျတော့ အထာကျကျ၊ စတိုင်လ်ကျကျပုံစံလေးဘက်ကို သွားပါတယ်။


Photo source:www.pinterest.com




Some text some message..