လက်သည်းပန်းကုံးများကို ဂရုစိုက်ရန်နည်းလမ်း ၆သွယ်
hellosayarwon.com
|
2018-12-27

ယေဘူယျအားဖြင့်လူအများစုသည် လက်သည်းခြေသည်းများကို  ပါတီပွဲမတက်ခင်ထိ၊ပြောင်လက်သော လက်သည်းဆိုးဆေးများမဆိုးမိခင်ထိ သတိမပြုမိတတ်ကြပေ။သို့သော်လည်း မိခင်သဘာဝတရားက လက်သည်းခြေသည်းများကို ပေးအပ်ထားသည်မှာအကြောင်းရင်းရှိပါသည်။လက်သည်း ပန်းကုံးလေးများသည်သင်၏လက်ချောင်းလေးများကိုအခုအခံအဖြစ် ကာကွယ်ပေးထားသည်။ခြေထောက် နှင့် လက်တို့ကဲ့သို့ပင် သူတို့သည်လည်း ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။အောက်ပါတို့သည် သင်၏လက်သည်းပန်းကုံးလေးများက လိုအပ်နေသော ဂရုစိုက်ရန် နည်းလမ်း (၆) ခုဖြစ်သည်။  

(၁)လက်သည်းပန်းကုံးလေးများပါအောင် လက်သည်းညှပ်ခြင်းကိုရှောင်ပါ
အရေပြားဆရာဝန်များက လက်သည်းပန်ကုံးလေးများပါအောင် မညှပ်သင့်ကြောင်း သေသေချာချာသတိပေးတတ်သည်။ထိုသို့ညှပ်ပါက မကြာခဏဆွပေးသကဲ့သို့ရှိပြီး ရောဂါပိုးများလည်းဝင်တတ်သောကြောင့်ဖြစ်သည်။ လက်သည်းပန်ကုံးများကို ညှပ်ခြင်းဖြင့် လက်သည်းတွင်အစင်းကြောင်းများဖြစ်ခြင်း၊အဖြူစက်များအဖြူစင်းများထခြင်း၊ဘက်တီးရီးယားပိုးဝင်ခြင်းစသော ကျန်းမာရေးပြဿနာများအပြင်အနေရခက်သည့်အပြင်အမြင်မတင့်တယ်ခြင်းမျိုးလည်းဖြစ်တတ်သည်။  

(၂)လက်သည်းညှပ်ကိုအဝေးမှာထားပါ
သင်၏လက်သည်းပန်းကုံးများသည်နူးညံ့သောအစိတ်အပိုင်းဖြစ်ပြီးသူတို့ကို ညှပ်ခြင်းဖြင့် မာကျောကြွပ်ဆတ်လာတတ်သည်။လက်သည်းမညှပ်ရဟု ဆိုလိုက်လျှင်အချို့ က မည်သည်အထိရှည်မည် မသိသော လက်သည်းမျိုးဖြစ်၍ လက်ခံချင်မှ လက်ခံလိမ်မည်။လက်သည်းညှပ်ခြင်း မညှပ်ခြင်းက လက်သည်း၏ ရှည်ထွက်ခြင်းလမ်းကြောင်းအတွက် တစ်စုံတစ်ရာမဖြစ်စေနိုင်ပါ။  

(၃)စိုစွတ်အောင်ထားပါ
သင်ခံစားမိချင်မှ ခံစားမိမည် ဖြစ်သော်လည်း လက်သည်းများသည် တကယ်ဆိုလျှင် သင့်အရေပြား၏အစိတ်အပိုင်းဖြစ်သည်။သူတို့သည်လည်းအစိုဓာတ်လိုအပ်သည်။အရေပြားအစိုဓာတ်ထိန်းသော လူးဆေးများက သိပ်အသုံးမတည့်ပါ။ လက်သည်းပန်းကုံးလေးများသည်အပြားချပ်လိုက်ဖြစ်သဖြင့်  ပိုမိုပျစ်သောအလှဆီ(ဥပမာ ဗယ်ဆီလင်း ဂျယ်လီ) တို့ကိုအစိုဓာတ် ပိုမိုရရှိရန်သုံးပေးသင့်ပါသည်။  

(၄)နူးညံ့စွာကိုင်တွယ်သော လက်သည်းပညာရှင်ကိုရွေးပါ
အချို့လက်သည်း ပညာရှင်များသည် လက်သည်းကိုအကိုင်အတွယ် ကြမ်းတမ်းသဖြင့် လက်သည်းများ နီရဲရောင်ရမ်းခြင်းမျိုးဖြစ်တတ်သည်။ထိုအခါ လက်သည်းအခြေပိုးဝင်ခြင်း(Paronychia)ကို ခံစားရတတ်သည်။ လက်သည်းပန်းကုံးတဝိုက်တွင်အနီရောင်အစက်ပြောက်ဖြစ်ခြင်း၊အနာဖြစ်ခြင်းမျိုးဖြစ်လာနိုင်သည်။ထို့ကြောင့်လက်သည်းပညာရှင်က သင်၏လက်သည်းကို မကိုင်တွယ်ခင်ကတည်းက နူးညံ့ရန်လိုကြောင်း သူတို့သိနေပါစေ။  

(၅)အချို့သောဓာတုဆေးဝါးများအန္တရာယ်မှကာကွယ်ပါ
ပန်းကန်ဆေးရာတွင်သုံးသော ပစ္စည်းများ၊လက်သည်းဖျက်ဆေးများသည် လက်သည်းကို ခြောက်သွေ့စေသည်။ထို့ကြောင့်အိမ်မှုကိစ္စများပြုလုပ်ရာတွင် လက်အိတ်စွပ်သင့်သကဲ့သို့ လက်သည်းဖျက်ဆေးကိုလည်းအစီတုန်း(Acetone) မပါဝင်သော ဆေးမျိုးကိုပြောင်းသုံးသင့်သည်။  

(၆)လက်သည်းကိုက်တတ်သည့်အကျင့်ကိုဖျောက်ပါ
လက်သည်းကိုက်ခြင်းသည် သင့်လက်သည်းကို သင်ကိုယ်တိုင်ပြုလုပ်သောအဆိုးရွားဆုံးအမူအကျင့်ဖြစ်သည်။တံတွေးတွင်ပါဝင်သောအင်ဇိုင်းများကအရေပြားဆဲလ်များကို ဖျက်ဆီးခြင်းဖြင့် လက်သည်းပန်ကုံး လေးများကိုလည်း ပျက်စီးစေသည့်အပြင် ရောဂါပိုးဝင်စေနိုင်သည်။သင့်မှာ ထိုအမူအကျင့်မျိုးရှိသည်ဆိုလျှင်တော့ ပို၍ကျန်းမာသော လက်သည်းများအတွက် ထိုအကျင့်ကို ယခုပဲပြင်လိုက်ပါ။ လက်သည်းများသည် ကျန်းမာလေ လှပလေလေ ဖြစ်သည်။လက်သည်းများအားပျော့ ချိနဲ့သောအခါ လက်သည်းကိုကိုင်တွယ်ခြင်းလုပ်ပါကအခြေအနေကိုပိုဆိုးစေတတ်သည်။အထက်ပါအချက်များကို လိုက်နာခြင်းဖြင့်  သင့်လက်သည်းများအတွက် သင်အကောင်းဆုံးပြုလုပ်ပေးနိုင်မည်။ထိုအခါ လက်သည်းအလှပြင်ဆိုင်သို့ မကြာခဏသွားရန်မလိုတော့ကြောင်းကိုပါ သင်သဘောပေါက်လာလိမ့်မည်။  

သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..