ရိုးရိုးလေးနဲ့လှတဲ့ Everyday Look အတွက် အချိန် ၁၀ မိနစ်ထဲနဲ့ မိတ်ကပ်ပြင်နည်း
mystylemyanmar.com
|
2022-07-02
မိတ်ကပ်ပြင်ဖို့ အချိန်သိပ်မရပေမယ့် လှလှလေးဖြစ်နေချင်တယ်ဆိုတဲ့ သူတွေအတွက် ရိုးရိုးလေးနဲ့လှတဲ့ everyday look အတွက် အချိန် ၁၀ မိနစ်ထဲနဲ့ ဘယ်လိုမိတ်ကပ်ပြင်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
အချိန် ၁၀ မိနစ်ထဲနဲ့ ပြင်မှာဖြစ်လို့ foundation မလိမ်းပဲ coverage ကောင်းတဲ့ cushion ပဲလိမ်းပါမယ်။ မျက်ကွင်းညိုတဲ့နေရာကိုပါ cushion နဲ့ သေချာဖုံးပေးပါ။
မျက်ခုံးမွှေးဆွဲပြီး brown mascara နဲ့ ဖြီးပေးပါ။
Contouring နဲ့ နှာတံဖော်တာက ၁၀ စက္ကန့်လောက်နဲ့ကိုပြီးတာမို့ ဒီအချက်လေးလည်း လုပ်ပေးပါ။ ဒါမှ နှာတံလေးပေါ်ပြီး လှနေမှာပါ။
မိတ်ကပ်ရောင်ဘက်သွားတဲ့ eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုလည်း နည်းနည်းခြယ်ပါမယ်။
အညိုရောင် eyeshadow ကို မျက်ခွံတစ်ဝက်လောက် ထပ်ခြယ်ပါမယ်။ မျက်လုံးအောက်နားထောင့်လေးကိုပါ ထပ်ခြယ်ပါမယ်။
Eyelash curler နဲ့ မျက်တောင်ညှပ်ကော့ပြီးမှ mascara နဲ့ ကော့ပါမယ်။ အောက်မျက်တောင်လေးတွေကိုပါ ကော့ပေးပါ။
ရွှေရောင် glitter eyeshadow ကို လက်နဲ့ပဲယူပြီး မျက်ခွံအလယ်လေးမှာ ခြယ်လိုက်ပါ။ မျက်လုံးအောက်နားလေးမှာလည်း နည်းနည်းခြယ်လိုက်ပါ။
အညိုဘက်သွားတဲ့ နှုတ်ခမ်းနီအရောင်လေးကို ပါးနီအဖြစ်နဲ့ခြယ်ပါမယ်။
နှုတ်ခမ်းကိုလည်း ပါးနီခြယ်ထားတဲ့ နှုတ်ခမ်းနီပဲ ဆိုးပါမယ်။ ပြီးတော့မှ အတွင်းဘက်ကို အရောင်တောက်တာလေး ဆိုးပါမယ်။
ဒါဆိုရင်တော့ everyday look အတွက်လည်း အဆင်ပြေပြီး ရိုးရိုးလေးနဲ့လှတဲ့ makeup look လေးကို ၁၀ မိနစ်ထဲနဲ့ ရရှိသွားပြီပဲဖြစ်ပါတယ်။
#မိတ်ကပ်
#နှုတ်ခမ်းနီ
#မျက်ခုံးမွှေး
#မျက်လုံး
#eye
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်