အလှအပအတွက်အလေးပေးလွန်းနေတဲ့ကမ္ဘာကြီးကို ရှိရင်းစွဲအလှနဲ့ ကိုင်လှုပ်လိုက်တဲ့ မော်လ်ဒယ်မလေး တီဆူ
yoyarlay.com
|
2018-12-28



တစ်ယောက်လာလည်းမေးချွန်ချွန်၊ တင်လုံးလုံး၊ ရင်သားဖွံ့ဖွံ့နဲ့ ဘယ်သူကဘယ်သူ့ထက်ပိုလှမှန်းမသိတော့တဲ့ (၂၁) ရာစုကြီးကို တိဘက်မိန်းမငယ်လေးတစ်ဦးက သူ့ရဲ့ရှိရင်းစွဲအလှကိုလှစ်ပြပြီး ခြောက်လှန့်လိုက်ပါပြီ။

ယခုလက်ရှိ UK မှာနေထိုင်နေတဲ့ နှုတ်ခမ်းစူစူ၊ မျက်လုံးစောင်းစောင်း၊ ပါးရိုးကြီးကြီးနဲ့ တီဘက်သူလေး မော်လ်ဒယ် တီဆူနေနမ် (Tsunaina) ဟာ မျက်နှာတစ်ခုလုံးမှာလည်း မှဲ့တွအပြည့်နဲ့ပါ။ သူ့ရဲ့နှာခေါင်းကတော့ မျက်နှာတစ်ခုလုံးမှာအသိသာဆုံးလို့ဆိုရပါမယ်။ နှာခေါင်းဟာ မယုံနိုင်လောက်အောင် ပြားနေပြီး ကျယ်လည်းကျယ်သလို တော်တော်လေးလည်းထူပါတယ်။ ခိုင်ခံလွန်းလှတဲ့နှာခေါင်းကြီးက တံတားတစ်စင်းနဲ့တောင် တူနေပါသေးတယ်။




အရပ် (၅'၅") သာအမြင့်ရှိတဲ့ တီဆူအတွက်တော့ မော်ဒယ်လ်တစ်ယောက်ဖြစ်ဖို့ဆိုတာအလှမ်းဝေးလွန်းလှပါတယ်။ ဒါပေမဲ့လည်းအေဂျင်စီက သူ(မ)ရဲ့သူမတူတဲ့မျက်နှာကို သတိထားမိသွားပြီး မော်လ်ဒယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူ့ရဲ့ထူးခြားတဲ့အလှတရားကြောင့် ပရိတ်သတ်ပေါင်းများစွာကို ရရှိထားပြီး လက်ရှိအင်စတာဂရမ်မှာ ဖော်လိုဝါ (၂၀၀,၀၀၀) ကျော်နဲ့ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖော်လိုဝါများများ သူ(မ) ကတော့တခြားမော်ဒယ်လ်တွေလို ပုံတွေ၊ ပိုစ့်တွေ ခဏ၊ ခဏတင်လေ့မရှိပါဘူး။ သူ့အထာနဲ့ သူနေတာပါ။


အကယ်၍များ ရိုးရာလေးပရိတ်သတ်ကြီးလည်း မိမိရဲ့ရှိရင်းစွဲအလှကြောင့်အားငယ်နေရမယ်ဆို တီဆူကိုပဲစံထားပြီးအားငယ်နေတာတွေကို ဖြေဖျောက်လိုက်ပါနော်။ လူတိုင်းမှာ ပင်ကိုအလှဆိုတာ ရှိပြီးသားပါ။

Ref: Elitereaders “Tibetan Girl’s Unconventional Beauty Shakes the Modeling World”

Po Mo Htoo Aung (ရိုးရာလေး)




Some text some message..