စကပ်အတိုဝတ်ရတာကြိုက်သူများအတွက် အမြင်ဆန်းပြီးချစ်ဖို့ကောင်းနေမယ့် Outfit များ
mystylemyanmar.com
|
2022-08-17

စကပ်အတိုဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် အမြင်ဆန်းပြီး ချစ်ဖို့ကောင်းနေမယ့် outfit idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဂျင်းစကပ်ကို ဒီလိုဆွယ်တာဒီဇိုင်းမျိုးနဲ့ တွဲဝတ်တာက အမြင်ဆန်းပြီး မိုက်ပါတယ်။ ဒါကျတော့ ချစ်ဖို့ကောင်းတာထက် ဆွဲဆောင်မှုပိုရှိစေပါတယ်။


ရှပ်အင်္ကျီအဖြူလက်ရှည်ရှိရင် စကပ်အတိုနဲ့ ဒီလိုစတိုင်လ်လေး ဝတ်ကြည့်ပါ။ စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းပါတယ်။


ရှပ်အင်္ကျီအဖြူကို စကပ်အတိုထဲ ထည့်ဝတ်ပြီး အပေါ်ကနေ vest လေးတွေ ထပ်ဝတ်တာက ချစ်ဖို့အရမ်းကောင်းပါတယ်။


ရှပ်အင်္ကျီအဖြူကို စကပ်အပြင်ထုတ်ဝတ်ပြီး အပေါ်ကနေ ဒီလို vest လေးထပ်ဝတ်လို့လည်း ရပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေပါ။


ဒီလိုစကပ်နဲ့ top နဲ့ တွဲဝတ်တဲ့ outfit idea လေးကတော့ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့ ဖက်ရှင်လေးပါ။


ဒီလိုအင်္ကျီလေးတွေကို အပေါ်ထပ်အနေနဲ့မဝတ်ပဲ mini စကပ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။


ကြိုးတစ်လုံးလေးရှိရင် ဖက်ရှင်တစ်မျိုးဆန်းသွားအောင် စကပ်နဲ့ ဒီလိုလေး တွဲဝတ်လိုက်ပါ။


ဂျင်းစကပ်အကားလေးတွေကို အရောင်တူတဲ့ top မျိုးနဲ့တွဲဝတ်ပါ။ ပြီးရင် အပေါ်ထပ်လေး ထပ်ဝတ်လိုက်မယ်ဆိုရင် ဂါဝန်လေးဝတ်ထားတာနဲ့ တူသွားပြီး အမြင်တစ်မျိုးဆန်းနေမှာပါ။


စကပ်အတိုဝတ်ရတာကြိုက်ရင် ဒီလို outfit လေးလည်း ဝတ်ကြည့်ပါ။ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ အထာကျကျ ဖက်ရှင်လေးပါ။


ဒီဂျင်းစကပ်လေးဆိုရင် အခုနောက်ပိုင်း အရမ်းခေတ်စားနေတာပါ။ စကပ်အတိုဝတ်ရတာကြိုက်ရင် ဝယ်သင့်တဲ့ဒီဇိုင်းမျိုး ဖြစ်ပါတယ်။


Photo source:www.pinterest.com




Some text some message..