ဂျင်းဘောင်းဘီတွေကို ကြာရှည်ခံပြီး အရောင်မလွင့်အောင် ဘယ်လိုထိန်းသိမ်းကြမလဲ
lifestylemyanmar.com
|
2022-09-08

ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဂျင်းဘောင်းဘီတွေဟာ အမျိုးသား အမျိုးသမီးဝတ်ဖြစ်လို့ လူတိုင်းနှစ်သက်စွာဝတ်ဆင်တတ်ကြတဲ့ အဝတ်အစားဖြစ်ပါတယ်။ မိန်းကလေးတိုင်းမှာ ဒီဇိုင်းကော အရောင်ကော ကြိုက်နှစ်သက်တဲ့ဂျင်းထည်ပိုင်ဆိုင်တတ်ကြပါတယ်။ အရမ်းကြိုက်နှစ်သက်တဲ့ ရှေးခေတ်ပုံစံ ဂျင်းတွေကိုကြာရှည်ခံပြီး အရောင်မလွင့်အောင် ဘယ်လိုတွေထိန်းသိမ်းကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

အရောင်ရင့်တဲ့ ဂျင်းဘောင်းဘီတွေဆိုအရောင်သိပ်ဖျော့တာ အရေးမကြီးပါဘူး။ နဂိုမူလအရောင်မရှိတဲ့ အရောင်မှိန် ဂျင်းဘောင်းဘီတွေဆိုရင်တော့ သေချာလေးထိန်းသိမ်းပေးဖို့ လိုပါတယ်။ ဂျင်းတွေထဲမှာဆို Denim တွေဟာ ဈေးလည်းအသင့်တင့်ရှိပြီး ဒီဇိုင်းလည်းဆန်းလို့ Hacks လေးတွေကို Raw Denim Jeans နဲ့ ဥပမာပေးပြီး ပြောပြမှာဖြစ်ပါတယ်။


ဆွဲသားမပါတဲ့ ဂျင်းဘောင်းဘီတွေဆို သတိထားသင့်တာက ပေါင်းပြီးသားလား မပေါင်းထားတဲ့ ဂျင်းသားလား သိဖို့လိုပါတယ်။ ပေါင်းပြီးသားဆို ရေလျှော်လိုက်ရင် 3% လောက်ပဲကျုံ့နိုင်ပြီး မပေါင်းရသေးတဲ့ ဂျင်းသားဆို 10% လောက်ကျုံ့နိုင်လို့ အရမ်းကြီးကွက်တိကျတာ မဝယ်သင့်ပါဘူး။လျှော်တာများတဲ့အခါ ရွဲပြီး ဂျင်းအသားဟာ ကျယ်လာတတ်ပါတယ်။


Raw Jeans ကိုပွတ်ပြီးမလျှော်ပါနဲ့။ ရေစိမ်ပါ။Raw Jeans ကို လျှော်ပြီးရင်လှန်းထားပါ စက်နဲ့မညစ်ပါနဲ့ မခေါက်လိုက်ပါနဲ့။Raw Jeans ကိုခေါက်ထားတာများလို့ ခေါက်ရာဟာ မီးပူတိုက်လည်းရှိသေးတယ်ဆိုရင်တော့ တောင့်တောင့်လေးဖြစ်အောင် ကော်ကိုသုံးပါ။ ပြောင်းကော်ကို ရေနွေးနဲ့ရောပြီး စပရေးဘူးထဲ ထည့်ဖြန်းပေးပါ။

Raw Jeans တွေဟာ ၁၂လမှာမှ ၄ ကြိမ်လောက်ပဲလျှော်သင့်တာပါ။ သူ့နည်းစနစ်အမှန်က အရောင်လွင့်လဲရတယ် ကိစ္စမရှိဘူးဆို စိတ်ကြိုက်လျှော်လို့ရပါတယ်။ အရောင်လွင့်ရင် အောက်ကအရောင်က ကိုယ်ကြိုက်တဲ့အရောင်ဖြစ်မှာ မဟုတ်ပါဘူး။ တစ်နှစ်လောက်မလျှော်ပဲ ပစ်ထားရင်လည်း ပြဲတာတို့ဆွေးတာတို့ဖြစ်နိုင်ပါတယ်။ ဘတ်တီးရီးယား သို့ ဂျင်းဘောင်းဘီကို မှိုတွေဘာတွေတက်တယ်ဆို ပလတ်စတစ် အိတ်ထဲထည့်ပြီး Freezer ထဲထည့်ထားလို့ရပါတယ်။


Lifestyle_Myanmar

ref-alexandrasgirlytalk




Some text some message..