ဆံပင်အတို၊ ဂုတ်ဝဲဆံပင်ကေရှိတဲ့ ပျိုမေတို့နဲ့ လိုက်ဖက်စေမယ့် Makeup Look များ
mystylemyanmar.com
|
2022-09-26

မင်္ဂလာပါနော်။ ဂုတ်ဝဲဆံပင်ကေတွေက မျက်နှာလေးပိုနုပြီး ချစ်စရာလည်းကောင်းတာမို့ အခုနောက်ပိုင်းမှာ မိန်းကလေးတွေက ဆံပင်အရှည်ထားတာထက် ပေ့ါပေ့ါပါးပါးရှိတဲ့ အတိုလေးတွေညှပ်လာကြတာများပါတယ်။ သင်ကိုယ်တိုင်လည်း လက်ရှိ ဆံပင်အတိုထားနေတဲ့သူဆိုရင်တော့ ဒီဆောင်းပါးကသင့်အတွက်ပါပဲ။

ဆံပင်အတို၊ ဂုတ်ဝဲကေရှိတဲ့ ပျိုမေတို့နဲ့လိုက်တဲ့ Makeup Look တွေက ပါးနီနဲ့ နှုတ်ခမ်းနီလေးတွေ အရောင်တောက်ပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေ ထင်းနေစေမယ့် မိတ်ကပ်ပုံစံတွေပါ။ ဆံပင်အတိုရှိတဲ့သူတွေဟာ အရှည်ထားသူတွေထက် မျက်နှာကျနဲ့ အစိတ်အပိုင်းတွေပိုပြီး ထင်ထင်ရှားရှား မြင်ရတာမို့ မျက်ဝန်း၊ နှာတံ၊ နှုတ်ခမ်းစတဲ့နေရာတွေကို အဓိကထားပြီး အချိုးကျနေအောင်ပြင်ပေးဖို့လိုပါတယ်။



မိတ်ကပ်ပြင်တဲ့အခါ Eye Makeup ကို အသားပေးပြင်ပေးရင် ပိုကောင်းပါတယ်။ Eyeliner အတွက် Cat Eye ပုံစံကော့ကော့လေးဆွဲတာက ဆံပင်တိုသူတွေနဲ့အရမ်းလိုက်သလို ဂျစ်ကန်ကန်နဲ့ ချစ်စရာကောင်းတဲ့ Vibe မျိုး ရစေမှာပါ။ မျက်ကပ်မှန်လေးတွေတပ်ပေးတာကလည်း မျက်ဝန်းလေးတွေ ဝိုင်းစက်ပြီး ကိုယ်လိမ်းထားတဲ့မိတ်ကပ်ကို ပိုလင်းစေပါလိမ့်မယ်။ မျက်ဝန်းအောက်နဲ့ နှာခေါင်းနေရာလေးတွေမှာ မှဲ့အတု ပုံစံတပ်ပေးတာကလည်း အရုပ်မလေးလို ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ Makeup Look လေးရစေမှာပါ။


ဒီတော့ ဒီလို Look လေးတွေနမူနာယူနိုင်ဖို့ ဆံပင်တိုသူ ပျိုမေတို့နဲ့ လိုက်ဖက်စေမယ့် Makeup Look လေး တွေကို ဖော်ပြပေးလိုက်ပါတယ်။ အမိုက်စား Look လေးတွေဖြစ်တာမို့ ကိုယ်နဲ့လိုက်မယ့်ပုံစံလေးရွေးပြီး စမ်းပြင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

















Photo Source: Pinterest

By MyStyle Myanmar




Some text some message..