ခန္ဓာကိုယ်အပေါ်ပိုင်းပဲ Portrait လှလှလေး ရိုက်ချင်တဲ့ ပျိုမေတို့အတွက် Pose ပေးနည်းများ
mystylemyanmar.com
|
2022-10-02

သင်က တစ်ကိုယ်လုံးစာ သင့်ဖက်ရှင်ကို မကြိုက်တာပဲ ဖြစ်ဖြစ်၊ သင့်ခန္ဓာကိုယ် အောက်ပိုင်းကို သဘောမကျတာကြောင့်ပဲ ဖြစ်ဖြစ် ဓာတ်ပုံရိုက်တဲ့အခါ အပေါ်ပိုင်းပဲ ဓာတ်ပုံရိုက်တာက အိုင်ဒီယာ ကောင်းပါပဲ။ အပေါ်ပိုင်းပဲ ဓာတ်ပုံရိုက်တဲ့အခါ သင့် မျက်နှာလှလှလေးကို ပိုမြင်ရစေပါတယ်။ ဒါ့အပြင် ခါးနေရာ အဆီရှိတဲ့ မိန်းကလေးတွေနဲ့ ပေါင်တုတ်တဲ့ မိန်းကလေးတွေအတွက်လည်း အောက်ဖော်ပြပါ ပို့စ်ပေးနည်းတွေက အသုံးဝင်မှာပါ။ ဒီတော့ ခန္ဓာကိုယ် အပေါ်ပိုင်း Portrait ပုံလှလှလေးတွေ ရဖို့ ဘယ်လို ပို့စ်ပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

​အအေးခွက် တစ်ခွက်ကို ကိုင်ကာ နောက်ဘက် ပြန်လှည့်ကြည့်တဲ့ ပို့စ်ပေးနည်းက သင့်ကို ဂန္တဝင် ဆန်ဆန်နဲ့ လှစေမှာပါ။


ပခုံးလေးကို မေးစေ့နား မြှင့်လိုက်ကာ ရှက် ပြုံးလေး ပြုံးလိုက်တာက အပေါ်တစ်ပိုင်းပဲ ကင်မရာထဲ ပါနေရင်တောင် လှနေဦးမှာပါ။


လက်ကို လည်ပင်းနောက် ထားကာ ပြုံးနေတာကလည်း အပေါ်ပိုင်းပဲ ဓာတ်ပုံရိုက်ချင်သူတွေ အတွက် သင့်တော်ပါတယ်။


ပန်းစည်းလှလှလေး ရှိတယ်ဆိုရင် ဒီပို့စ်ကို မဖြစ်မနေ ပေးသင့်ပါတယ်။


လက်ပိုက်ကာ ဘေးဘက်ကြည့်နေတာက တည်ငြိမ်တဲ့ ဣန္ဒြေရှင် မိန်းကလေးတွေနဲ့ လိုက်ဖက်ပါတယ်။


လက်နှစ်ဘက်ကို ရှေ့ဘက် ယှက်ထားတဲ့ ပုံစံကို ဂါဝန် ဝတ်တဲ့နေ့တွေမှာ ပို့စ်ပေးကြည့်နိုင်ပါတယ်။


ညဘက် ရှုခင်းတွေကိုပါ တစ်ပါတည်း ရိုက်ချင် သူတွေ အဖို့ တစ်ကိုယ်လုံး ဓာတ်ပုံထဲ မပါလည်း အဆင်ပြေမှာပါ။ နောက်ဘက်ကြည့်နေတဲ့ ပို့စ်လေးက အေးချမ်းပြီး လှနေစေမှာပါ။


အပေါ်ပိုင်းပဲ Portrait ရိုက်ချင်တဲ့ ကောင်မလေးတွေ အနေနဲ့ သင့်လက်နှစ်ဘက်ကို မတူညီတဲ့ Level ထားကာ ဆံပင်လေး ကိုင်ထားတဲ့ပုံစံ လုပ်ကြည့်သင့်ပါတယ်။


နောက်မှာ မှီစရာ ရှိတယ်ဆိုရင် လက်နှစ်ဘက်နဲ့ တန်းကို ကိုင်ထားပြီး ခန္ဓာကိုယ်ကို ရှေ့ဘက် ကိုင်းနေတဲ့ ပုံစံလေး ပို့စ်ပေးသင့်ပါတယ်။


လက်နဲ့ ခါးတစ်ဘက် ထောက်ထားလိုက်တဲ့ ပို့စ်က ဘယ်တော့မှ ဟောင်းသွားမှာ မဟုတ်တဲ့ ပို့စ်ပေးနည်းပါ။


သင်က နေကာမျက်မှန် ဝတ်ထားမယ်ဆိုရင် လက်တစ်ဘက်ကို ပိုက်ကာ ကျန်တစ်ဘက်ကို မျက်မှန် ကိုင်ထားတာက ရိုးရိုးလေးနဲ့ လှတဲ့ ပို့စ်ပါ။


ခန္ဓာကိုယ် Shape ပိုပေါ်စေချင်တယ်ဆိုရင် ဒီပုံစံလေး ပို့စ်ပေးနိုင်ပါတယ်။


Photo Source: Pinterest

By MyStyle Myanmar




Some text some message..