ကြိုးတစ်လုံးဂါဝန်တစ်ထည်ကို ဖက်ရှင် ၁၀ မျိုး ပြောင်းလဲဝတ်ဆင်နည်း
mystylemyanmar.com
|
2022-10-04

ကြိုးတစ်လုံးဂါဝန်တစ်ထည်ရှိရင် ဖက်ရှင်စတိုင်လ် ၁၀ မျိုးပြောင်းလဲပြီး ဝတ်ဆင်လို့ရပါတယ်။ တကယ်တော့ ဝတ်တတ်ရင် ၁၀ မျိုးမကပါဘူး။ ဖက်ရှင်စတိုင်လ်မျိုးစုံကို ပြောင်းလဲဝတ်ဆင်လို့ရပါတယ်။

ဖက်ရှင် ၁


အရင်ဆုံး သူ့ကြိုးတစ်လုံးအတိုင်းလေးပဲ ဝတ်ပါမယ်။


ဖက်ရှင် ၂


အောက်ကနေ တီရှပ်အဖြူလေးခံပြီး ဝတ်ပါမယ်။ Cute type လေးဖြစ်သွားတာမို့ sneakers အဖြူလေးသာစီးပါ။


ဖက်ရှင် ၃


မိန်းကလေးဆန်ဆန်လေးနဲ့ ကျော့ရှင်းပြီးလှနေအောင် ဒီလိုလေးလည်း ပြောင်းလဲဝတ်ဆင်လို့ ရပါတယ်။


ဖက်ရှင် ၄


ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျကျလေးဖြစ်အောင် ဒီလိုဘောင်းဘီအရှည် အပွတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။ ဂါဝန်ကို အပေါ်လိပ်ပြီးတင်လိုက်ပါ။


ဖက်ရှင် ၅


တင်းနစ်စကပ်လေးတွေနဲ့ တွဲဝတ်လိုက်ရင်တော့ အရမ်းကိုချစ်ဖို့ကောင်းသွားမှာပါ။


ဖက်ရှင် ၆


ဆောင်းတွင်း အေးတဲ့နေရာဒေသကို ခရီးသွားမယ်ဆိုရင် ဒီလိုလေးစတိုင်လ်ပြောင်းပြီး ဝတ်လို့ရပါသေးတယ်။


ဖက်ရှင် ၇


အပေါ်ကနေ ဆွယ်တာလေး ထပ်ဝတ်တာမျိုးလည်း ရပါသေးတယ်။ ဖက်ရှင်စတိုင်လ်မျိုးစုံကို ပြောင်းဝတ်လို့ရပါတယ်။


ဖက်ရှင် ၈


အောက်ကနေ လက်ရှည်အင်္ကျီလေးခံပြီးဝတ်ရင်လည်း ချစ်ဖို့ကောင်းတဲ့ 90’s look လေး ရစေပါတယ်။


ဖက်ရှင် ၉


အပေါ်ကနေ ဂျင်းကုတ်လေးထပ်ဝတ်လိုက်ရင်လည်း စတိုင်လ်တစ်မျိုး ပြောင်းသွားတာပါပဲ။


ဖက်ရှင် ၁၀


ဒီလို အပေါ်ကနေ cardigan လေးထပ်ဝတ်ပြီး boots လေးစီးလိုက်ရင်တော့ instagram စတိုင်လ်လေး ဖြစ်သွားမှာပါ။





Some text some message..