လှပတဲ့အစိမ်းရောင်လက်သည်းဒီဇိုင်း ၁၀ မျိုး
mystylemyanmar.com
|
2022-10-06

အစိမ်းရောင်လေးတွေက အရမ်းမျက်စိအေးပါတယ်။ အသားဖြူဖြူ၊ ညိုညို အကုန်လုံးနဲ့လည်း လိုက်ဖက်တဲ့အရောင်ပါ။ ဒါကြောင့် လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့သူတွေအတွက် လှပတဲ့ အစိမ်းရောင် လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူငယ်ဆန်ပြီး လှလည်းလှသလို၊ ချစ်ဖို့လည်းကောင်းပါတယ်။


ပန်းပွင့်ဒီဇိုင်းလေးကိုမှ အကြည်ရောင်နဲ့ အစိမ်လေးကိုစပ်ပြီး ပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့ လှပါတယ်။


ဒီလိုအစိမ်းနုနုလေးရှိရင် ဆိုးကိုဆိုးသင့်ပါတယ်။ ရှားတဲ့အရောင်လေးဖြစ်ပြီး အရမ်းလှတဲ့အရောင်လေးပါ။ ဒီဇိုင်းကလည်း ချစ်ဖို့ကောင်းပါတယ်။


လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။ အရောင်စပ်ထားတာလေးတွေကအစ အသားဆောင်ပြီး အရမ်းလှပါတယ်။


အစိမ်းကိုမှ အရောင်အနုအရင့်လေး စပ်ဆိုးပြီး ပုံဖော်ထားတာလေးကအစ ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီး လှပါတယ်။


ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်တွေစပ်ပြီး ပုံဖော်ထားတာက လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပါတယ်။


ထောပတ်သီးပုံစံ လက်သည်းဒီဇိုင်းလေးဖြစ်လို့ ချစ်ဖို့ကောင်းပါတယ်။


လူငယ်ကောင်မလေးတွေ၊ လက်သည်းအရှည်မထားတဲ့သူတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ချစ်စရာ လက်သည်းဒီဇိုင်းလေးပါ။


အစိမ်းရောင်ကြိုက်ရင် ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။ အရမ်းချစ်ဖို့ကောင်းပါတယ်။


ရှင်းရှင်းလေးနဲ့ အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်က ကျောက်စိမ်းရောင်လေးဖြစ်လို့ အသားဆောင်ပြီး အရမ်းလှပါတယ်။





Some text some message..