ကုန်ကျစရိတ်နည်းပြီး အသားအရေကို ထိန်းသိမ်းနိုင်မယ့် Body Lotion လိမ်းပေးခြင်း
lifestylemyanmar.com
|
2022-10-07

နေ့တိုင်း Body Lotion သုံးဖြစ်ပါသလား။ မသုံးဖြစ်ဘူးဆိုရင်တော့ သုံးပါလို့ အကြံပြုချင်ပါတယ်။ Lotion သုံးပေးတာဟာ အကုန်အကျနည်းနည်းနဲ့ မိမိအသားအရေကို ဂရုစိုက်နည်းတစ်မျိုးဖြစ်ပါတယ်။ Lotion အသုံးပြုသူ သန်းပေါင်းများစွာကလည်း Lotion ကို ပုံမှန်လိမ်းပေးတာဟာ အကျိုးကျေးဇူးတွေ များစွာရှိတယ်ဆိုတာကို သဘောတူညီကျပါတယ်။ ဒါ့ကြောင့် ဘာလို့ Body Lotion သုံးပေးသင့်သလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

ထိခိုက်ပျက်စီးနေတဲ့ အသားအရေကို ကုသပေးနိုင်တယ်

သင့်အသားအရေဟာ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးနိုင်သလို၊ လေထုညစ်ညမ်းမှုနဲ့ တခြား အကြောင်းအရာတွေကြောင့်လည်း အသားအရေ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အသားအရောင် မညီမညာဖြစ်နေတာဟာ သင့်အသားအရေ ထိခိုက်ပျက်စီးနေတယ်ဆိုတာကို ပိုပြီးသိသာစေတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ Lotion ကိုသုံးပေးတာဟာ အသားအရေ ထိခိုက်ပျက်စီးခြင်းကို ကုသပေးနိုင်သလို နေရောင်ခြည်ကြောင့် အသားအရေ ထိခိုက်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


အနံ့အသက်ကောင်းတယ်

လူတိုင်း မိမိခန္ဓာကိုယ်မှာ အနံ့သင်းသင်းလေး တမျိုး ရနေတာကို သဘောကျကျပါတယ်။ အဲဒီလိုအနံ့သင်းသင်းလေးဟာ သင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုကိုလည်း သက်သာစေပါတယ်။ Lotion ကို သင့်ရဲ့ လည်ပင်းကနေစပြီး လက်၊ခြေထောက် နဲ့ ခန္ဓာကိုယ်အနံ့ကို လိမ်းပေးလိုက်ပါ။

ကြမ်းတမ်းတဲ့ အသားအရေကို နူးညံ့စေတယ်

လက်တဒေါင်၊ ခြေဖနောင့်အပါအဝင် တခြားခန္ဓာကိုယ်အသားအရေအစိတ်အပိုင်းတွေမှာပါ  ခြောက်သွေ့ ကြမ်းတမ်းနေတယ်လို့ ခံစားနေရလား။ သင့်အသက်အရွယ်၊ လူနေမှုပုံစံနဲ့ မဆိုင်ဘဲ အဲဒီလို ခြောက်သွေ့ ကြမ်းတမ်းနေတဲ့ အသားအရေကို နူးညံ့စေဖို့ Lotion က ကူညီပေးပါတယ်။


သင့်အသားအရေကို ကျန်းမာစေတယ်

သင့်အသားအရေဟာ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု၊ ရာသီဥတုအပြောင်းအလဲ ၊ အပူချိန်အပြောင်းအလဲ၊ ရေနွေးပူပူနဲ့ မကြာခဏ ရေချိုးပေးခြင်းတွေအပါအဝင်၊ အစာအာဟာရ  ညီညွှတ်မျှတအောင်မစားခြင်းနဲ့ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခြင်းတွေကြောင့် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အခုလို အသားအရ ထိခိုက်ပျက်စီးမှုမှ ကာကွယ်ဖို့အတွက် Lotion ကို ခန္ဓာကိုယ်အနှံ့မှာ  ပုံမှန် လိမ်းပေးပါ။ အဲဒီလိုလိမ်းပေးတာဟာ သင့်အသားအရေကို ကျန်းမာဖြူဝင်းလာစေမှာဖြစ်ပါတယ်။


Lifestyle_Myanmar

ref-everydayhealth




Some text some message..