ဆံပင်ကို ကလစ်၊ခေါင်းစည်းကြိုးလေးတွေနဲ့ အလှဆင်တတ်တဲ့ ပျိုမေတို့အတွက် Accessories ပုံစံတွေနဲ့ စတိုင်များ
mystylemyanmar.com
|
2022-10-09

သင်က တီထွင်နိုင်စွမ်း ကောင်းရင် ကောင်းသလို သင့်တစ်နေ့တာကို အလှဆင်နိုင်ပါတယ်။ ဒီလို အလှဆင်တဲ့နေရာမှာ သင့်အလုပ်ခုံ၊ သင့်အခန်း ဖြစ်နိုင်သလို သင့်အလှအပလည်း ဖြစ်နိုင်ပါတယ်။ အလှအပ နဲ့ ပတ်သက်ရင် မိတ်ကပ်လိမ်းတဲ့အခါ တီထွင်နိုင်စွမ်း ကောင်းစွာနဲ့ လိမ်းနိုင်သလို ဆံပင်ကို အလှဆင်တဲ့အချိန်လည်း ပုံစံ အမျိုးမျိုး ဖန်တီးနိုင်ပါတယ်။ ကလစ်၊ ခေါင်းစည်းကြိုး စတဲ့ ဖက်ရှင် Accessories တွေက မိန်းကလေးတိုင်းမှာ အနည်းဆုံး တစ်မျိုးလောက်တော့ ပိုင်ဆိုင်ထားတဲ့ Fashion Item တွေပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ သင့်ဆံပင်ပုံစံလေးကို ပိုလှသွားဖို့ ထောက်ပံ့ပေးနိုင်မယ့် ကလစ်ပုံစံတွေနဲ့ ဆံပင်စည်းနည်း အိုင်ဒီယာတွေကို ဖော်ပြပါရစေ။ သင်က ဒီပုံစံလေးတွေ လုပ်ကြည့်မယ်ဆိုရင် ပိုလှလာမှာ မလွဲမသွေပါပဲ။

ဖဲပြားပုံစံလေး သုံးပြီး ဆံပင် အမျိုးမျိုး စည်းကြည့်မယ်


ဆံပင်တိုတဲ့ ကောင်မလေးတွေပါ လုပ်နိုင်မယ့် ကလစ်နဲ့ ဆံပင် ပုံစံများ


ကလစ်လှလှလေးတွေ စုဆောင်းရတာ နှစ်သက်တဲ့ ကောင်မလေးတွေအတွက်


ဆံပင်အရောင် ဆိုးထားတဲ့ မိန်းကလေးတွေမှာ ပိုင်ဆိုင်ထားသင့်တဲ့ Accessories ပုံစံများ


ပုလဲ Claw clip အပါအဝင် ဂါဝန်လေးတွေ ဝတ်တဲ့အချိန် လိုက်ဖက်မယ့် ဆံပင်ပုံစံနဲ့ Fashion Item များ


တည်ငြိမ်တဲ့ ကောင်မလေးအဖြစ် ပြောင်းလဲကြရအောင်


ကျစ်ဆံမြီးပုံစံကိုမှ အမျိုးမျိုး ဖန်တီးကြည့်ကြမယ်


ဆံထုံး နှစ်သက်ရင် ဒီပုံစံလေးကလည်း ချစ်ဖို့ကောင်းပါတယ်


Claw Clip တွေထဲမှာ ဒီပုံစံလေးတွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။



ဆံပင်ကို ကောက်ကာ ခေါင်းစည်းကြိုး အမြင့်စည်းလိုက်တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ ပိုလှသွားပါလိမ့်မယ်။


ကျစ်ဆံမြီးကျစ်ကာ Scarf နဲ့ စည်းတဲ့ စိတ်ကူးကောင်းကောင်း


တရုတ်မလေးတွေလို လှချင်ရင် ဒီပုံစံလေးက ကွက်တိပါပဲ။


အစိမ်းရောင် နှစ်သက်တဲ့ ကောင်မလေးတွေအတွက် အစိမ်းရောင် ဖဲပြားလေး


Photo Source: Pinterest

By MyStyle Myanmar




Some text some message..