ဘောင်းဘီရှည်အပွကို အထာကျကျ ဝတ်ဆင်နည်း (၁၀) မျိုး
mystylemyanmar.com
|
2022-10-24

ဘောင်းဘီရှည်တွေက ရာသီမရွေး ဝတ်ဆင်နိုင်တဲ့ အဝတ်အထည်တွေ ဖြစ်ပါတယ်။ ဘောင်းဘီရှည် တစ်ထည်ရှိရုံနဲ့တင် အပေါ် အင်္ကျီကို အမျိုးမျိုး ပြောင်းဝတ်နိုင်တာ ပျိုမေတို့ သိပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်မှာတော့ ဘောင်းဘီရှည်နဲ့ အရင်ထက် အထာကျကျ လန်းနိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဆွယ်တာအကျပ်နဲ့


ဘောင်းဘီရှည်အပွက အပေါ် အင်္ကျီ အကျပ်နဲ့ ပိုကြည့်ကောင်းလေ့ရှိပါတယ်။ ဘောင်းဘီရှည်က ဆွယ်တာ လည်ပိတ် အကျပ်လေးတွေနဲ့ ကြည့်ကောင်းနေတတ်ပါတယ်။

၂။ အပြင်ထပ်နဲ့


Rosé ဝတ်ထားသလို အပြင်ထပ် ကုတ်နဲ့ အထဲက Crop Top အကျပ်ကို ဘောင်းဘီအပွနဲ့ တွဲနိုင်ပါတယ်။

၃။ Cardigan နဲ့


ဘောင်းဘီအပွက ကုတ်အရှည်နဲ့ လိုက်သလို Cardigan အတိုနဲ့လည်း လိုက်ဖက်ပါတယ်။ အထဲက အဖြူခံလေးနဲ့ဆိုရင် Perfect ပါပဲ။

၄။ အပေါ်ပွ အောက်ပွ


အောက်ကလည်း အပွ အပေါ်ကလည်း အင်္ကျီ အပွကို ခါးနေရာပဲ ကျပ်သွားတဲ့ ပုံစံလေးက အဆင်ပြေပါတယ်။

၅။ Scarf လေးနဲ့


သင်က အပေါ် တီရှပ်အဖြူလေးနဲ့ ဘောင်းဘီအပွကို ရိုးရှင်းလွန်းတယ် ထင်ရင် Scarf နဲ့ ပုံစံ ဆန်းသွားအောင် ဖန်တီးနိုင်ပါတယ်။

၆။ ရှပ် အပါးနဲ့


ပျိုမေတို့ အများစု စိတ်ဝင်စားကြတဲ့ ရှပ်အင်္ကျီအပါးကို အပေါ်ထပ် အနေနဲ့ တွဲကာ ဘောင်းဘီအပွနဲ့ ဝတ်နိုင်ပါတယ်။

၇။ Sweater Vest နဲ့


ဘောင်းဘီအပွနဲ့ ထပ်မံ လိုက်ဖက်တဲ့ စတိုင်ကတော့ Sweater Vest ကို အဖြူပေါ်က ထပ်ဝတ်တဲ့ စတိုင်ပါ။

၈။ အနက်ရောင် ဘောင်းဘီအပွ ဆိုရင်


ယောကျာ်းလေး ဆန်ဆန် အထာကျကျ မိုက်ချင်တယ်ဆိုရင် ဘောင်းဘီရှည် အနက်နဲ့ ဝမ်းဆက် အင်္ကျီအနက်ကို အဖြူနဲ့ တွဲစပ်ကာ ဝတ်နိုင်ပါတယ်။

၉။ ချစ်စရာ လက်ဖောင်းလေးနဲ့


လက်ဖောင်းပါတဲ့ အင်္ကျီတွေကို ဘောင်းဘီအပွ အထဲထည့်ပြီး ဝတ်နိုင်ပါတယ်။

၁၀။ အစင်းကြားလေးနဲ့


အလျားလိုက်သွားတဲ့ အစင်းကြား အနွေးထည်တွေကလည်း ဘောင်းဘီရှည် အပွနဲ့ လိုက်ဖက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..