အတိုအပြတ်ဝတ်ဖို့ အိမ်က ခွင့်မပြုထားတဲ့ ပျိုမေတို့အတွက် Outfit များ
mystylemyanmar.com
|
2022-11-12

သင့်အိမ်က အဖေနဲ့ အမေက တင်းကျပ်တာကြောင့် အတိုလေးတွေ မဝတ်ရတာ၊ ကိုယ်ဝတ်ချင်ပေမယ့် ခွင့်ပြုချက် မရတာ ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက် ရည်ရွယ်ပါတယ်​။ တကယ်တော့ တစ်ခါတလေ အရိုးဆုံးက အဆန်းဆုံး ဖြစ်နေတတ်ပါတယ်။ သင်က အတိုအပြတ် မဝတ်ရရင်တောင် လှနေအောင် ဝတ်နိုင်ပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်တာလဲဆိုတော့ အောက် ဖော်ပြပါ Outfit တွေကို ကြည့်ပြီး သဘောပေါက်သွားပါလိမ့်မယ်။

တီရှပ်ကို အင်္ကျီကြိုးတစ်လုံး ဂါဝန်နဲ့ တွဲဝတ်တာက မိန်းကလေးဆန်ပြီး လှပါတယ်။


အရောင်ကို ထူးထူးခြားခြား ဖြစ်ချင်ရင် ဥပမာ- အညိုရောင် ရွေးခဲ့တယ်ဆိုရင် အပေါ်ထပ်ကို အညိုရောင်၊ အောက်ခံ အင်္ကျီကိုလည်း အညိုရောင်နဲ့ ဘောင်းဘီကိုလည်း မတိမ်းမယိမ်း အရောင်လေး ရွေးနိုင်ပါတယ်။


ဘောင်းဘီအပွအတိုနဲ့ အတူ ချစ်စရာကောင်းတဲ့ Crop နဲ့ တွဲဝတ်နိုင်ပါတယ်။


အဖြူစကပ်ရှည်နဲ့ အတူ အပြင်ထပ်လေး ဝတ်လိုက်ရင် အထာကျကျ မိုက်နေမှာပါ။


ခပ်မိုက်မိုက် စတိုင်ကျချင်ရင် Oversized Tee နဲ့အတူ ဘောင်းဘီအပွကို ဒီလိုတွဲနိုင်ပါတယ်။


ဒီလိုလည်း လူငယ်ဆန်ဆန် Sweatshirt နဲ့ ခပ်မိုက်မိုက် ဝတ်နိုင်ပါတယ်။


အင်္ကျီလက်ပြတ်ကိုမှ Sweatpants နဲ့ တွဲနိုင်ပါသေးတယ်။


Sweatpants နဲ့ တွဲရတာ မကြိုက်ရင် ဂျင်းဘောင်းဘီအပွနဲ့ အဆင်ပြေနေပါသေးတယ်။


ဂျင်းစကပ်လေးတွေ သဘောကျတယ်ဆိုရင် အောက်ဖော်ပြပါ ပုံစံတွေအတိုင်း လုံလုံခြုံခြုံ ဝတ်နိုင်ပါတယ်။




Crop လေးတွေနဲ့ ဘောင်းဘီအပွ က လုံခြုံတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတောင် ပိုရှိအောင် ကူညီပေးနိုင်ပါတယ်။



အင်္ကျီတံတောင်ဆစ် အရှည် လက်ဖောင်းနဲ့ အတူ ဘောင်းဘီအပွလေးက အထက်တန်းဆန်ဆန် လှတဲ့ ဖက်ရှင်ပါ။



ဂါဝန်အရှည်တွေကတော့ အိမ်က ခွင့်မပြုတဲ့ အုပ်ထိန်းသူတွေ ပိုလို့တောင် သဘောကျသွားစေမယ့် ဖက်ရှင်ဖြစ်ပါတယ်။



Sweater သားလေးတွေက ဘောင်းဘီအပွနဲ့ ကြည့်ကောင်းတဲ့ အဝတ်အစားတွေပါ။


အရောင်ရွေးချယ်မှု မှန်ကန်မယ်ဆိုရင် စကပ်ရှည်နဲ့အတူ အပေါ်အင်္ကျီတွဲစပ်မှုကို ပညာသားပါပါ ဖန်တီးနိုင်ပါတယ်။



Photo Source: Pinterest

By MyStyle Myanmar




Some text some message..