ဂျင်းဘောင်းဘီအပွတွေကို စတိုင်ကျကျ ဝတ်နိုင်မယ့် နည်းလမ်း (၉) ခု
mystylemyanmar.com
|
2022-12-14

ဂျင်းဘောင်းဘီအပွ Baggy Jeans တွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပြီး အင်္ကျီတိုင်းနဲ့ တွဲဖက် ဝတ်ဆင်နိုင်တဲ့ အဝတ်အစား ဖြစ်ပါတယ်။ သင်နဲ့ Size ကွက်တိကျတဲ့ Baggy Jeans တစ်ထည်ကို ပိုင်ဆိုင်လိုက်တာနဲ့ ကမ္ဘာအဆုံးထိ လှပေတော့လို့ ပြောရလောက်အောင် Baggy Jeans တွေက အသုံးဝင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောင်းဘီအပွ Baggy Jeans တွေကို စတိုင် တစ်မျိုးထက် ပြောင်းဝတ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

Cardigan နဲ့




အင်္ကျီအပြင်ထပ် Cardigan နဲ့အတူ အတွင်းအင်္ကျီကို လုံလုံခြုံခြုံ ဝတ်နိုင်သလို ဗိုက်ပေါ် Crop နဲ့လည်း တွဲနိုင်ပါတယ်။ Cardigan သပ်သပ် ဝတ်ရင်လည်း အဆင်ပြေတာပါပဲ။

Plaid Pattern အပြင်ထပ်နဲ့


ဂျင်းဘောင်းဘီအပွက အပြင်ထပ် စတိုင်တွေနဲ့ လိုက်ဖက်လေ့ရှိပါတယ်။ ဒီထဲ Plaid Pattern အပြင်ထပ်လည်း ပါဝင်ပါတယ်။

ရိုးရိုးရှင်းရှင်း


ဂျင်းဘောင်းဘီပွကို ရှပ်အင်္ကျီအကျပ်ကလေးနဲ့ တွဲနိုင်ပါသေးတယ်။ အင်္ကျီအနားစ ကို ဘောင်းဘီထဲထည့်လိုက်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်းနဲ့ လန်းနိုင်ပါတယ်။

တီရှပ်အပွနဲ့


ဂျင်းဘောင်းဘီအပွက အပေါ်အကျပ် အင်္ကျီနဲ့တင် လိုက်တာမဟုတ်ဘဲ အပေါ် အင်္ကျီအပွနဲ့လည်း လိုက်ဖက်ပါတယ်။

Turtle Neck, Sweater Vest


Sweater Vest နဲ့ ဘောင်းဘီအပွက လိုက်ဖက်တဲ့ ဖက်ရှင်အတွဲအစပ်ပါ။

ရှပ်အင်္ကျီ


ရှပ်အင်္ကျီအနားစ တစ်ဝက်ကို ဘောင်းဘီအပွထဲ ထည့်ဝတ်ကာ အထာကျကျ လန်းနိုင်ပါတယ်။

Sweatshirt နဲ့


ရာသီဥတု အေးတဲ့နေ့တွေမှာ Sweatshirt နဲ့ ဂျင်းဘောင်းဘီပွက လိုက်ဖက်ပါတယ်။

Crop နဲ့



ဘောင်းဘီအပွရဲ့ စုံတွဲဆိုရင် Crop အင်္ကျီတွေပါပဲ။ အနွေးထည်ပုံစံ Crop တွေနဲ့ တွဲနိုင်သလို ရိုးရိုး ခါးတိုနဲ့လည်း တွဲဝတ်နိုင်ပါတယ်။

ကော်လံပါတဲ့ ခါးတို အင်္ကျီ


ဒီ စတိုင်လေးက ပေါ့ပေါ့ပါးပါး ရှိကာ ဂျင်းဘောင်းဘီပွနဲ့ လိုက်ဖက်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar




Some text some message..