မင်္ဂလာဆောင်သွားတဲ့အခါ အလှဆုံးဖြစ်စေဖို့ ပြင်ဆင်နိုင်မယ့် ဆံပင်ပုံစံများ
mystylemyanmar.com
|
2022-12-16

သူငယ်ချင်း မိတ်တွေတွေရဲ့မင်္ဂလာဆောင်တွေသွားဖို့ ပြင်ဆင်ကြတဲ့အခါ အလှဆုံးဖြစ်စေဖို့ အလိုက်ဖက်ဆုံးဖြစ်စေမယ့် ဆံပင်ပုံစံများကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

၁.Easy Half-Up Style


ဆံပင်ရဲ့ဘေးနှစ်ဘက်ကို အလိမ်လေးလုပ်ပြီး အနောက်မှာ သရေကွင်းနဲ့စုစည်းလိုက်ပါ။ အပေါ်ကနေပြီး သင်ကြိုက်နှစ်သက်ရာ ဖဲကြိုး ၊ ကလစ်တို့နဲ့ထပ်ပြီးအလှဆင်နိုင်ပါတယ်။

၂.Curly Side Braid


ဆံပင်ကို ထောင့်ဖြတ်ပြင်သစ်ကျစ်ဆံမြီးပုံစံလေး ကျစ်လိုက်ပါ။အဆုံးသတ်နားကို သရေကွင်းနဲ့စည်းပြီး အရှေ့ဘက်ကိုချထားလိုက်ပါ။

၃.Wrapped Mid-Pony


ဆံပင်အားလုံးကို အရင်ဆုံးစုစည်းလိုက်ပါ။ အောက်နားမှာ ဆံပင်နည်းနည်းချန်ပြီး ကျန်တဲ့ဆံပင်အားလုံးကို ponytail ပုံစံခပ်မြင့်မြင့်လေးစည်းလိုက်ပါ။ ပြီးရင်တော့ ချန်ထားတဲ့ဆံပင်နဲ့ စည်းထားတဲ့ဆံပင်ကို ပြန်ပတ်လိုက်ပါ။

၄.Short Bouffant Half-Up


ပုံမှန်စည်းနေကြပုံစံဖြစ်တဲ့ တစ်ဝက်စည်းပုံစံလေးကို နှစ်ထပ်လေးစည်းလိုက်ပါ။ အပေါ်ကနေ ဖဲကြိုးလေးတွေနဲ့ အလှဆင်လိုက်ရင်တော့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့လှနေမှာပါ။

၅.Romantic Topknot


ကျော့ရှင်းတဲ့အသွင်အပြင်ကိုရရှိစေကာ လည်တိုင်ကျော့ရှင်းမှုကို ပေါ်လွင်စေတဲ့ ဒီ bun လေး ကတော့ ဘယ်လိုအဝတ်အစားမျိုးနဲ့မဆို လိုက်ဖက်လွန်းလှပါတယ်။

၆.Bubble Ponytail


ဒီဆံပင်ပုံစံက ဆံသားအကောက်လေးတွေနဲ့ဆို အချိန်မကုန်ဘဲ အဆင်ပြေမယ့်ပုံစံလေးပါနော်။အရင်ဆုံး ဆံပင်လေးတွေကို အနည်းငယ်ခွာပြီးစည်းပေးပါ။ ပြီးရင်တော့ အလယ်ကဆံပင်လေးတွေကို ဖောင်ဖောင်းလေးဖြစ်အောင် ဆွဲပေးဖို့မမေ့ပါနဲ့နော်။




Some text some message..