
ဆံပင်ကျွတ်ခြင်း နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အမျိုးသမီး အမျိုးသားဆိုပြီး ခွဲခြားပြောလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ မိန်းကလေးတွေနည်းတူ ယောကျ်ားလေးတွေလည်း ဆံပင်ကျွတ်ကြပါတယ်။ ဆံပင်ရှည်တဲ့ မိန်းကလေးတွေအတွက် ဆံပင်ကျွတ်တာက သိပ်မသိသာလှပေမယ့် များသောအားဖြင့် ဆံပင်အတိုသာ ထားတတ်ကြတဲ့ ယောကျ်ားလေးတွေအတွက်ကတော့ ဆံပင်ကျွတ်ရင် တအားသိသာပါတယ်။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့တစ်နေ့ မကုန်ကိုမကုန်နိုင်တဲ့ ဆံပင်ကျွတ်နေတာတွေကို ဘယ်လို ရပ်တန့်ကြမလဲ။
Hair Tonic ထည့်ပါ
တကယ်တော့ ဆံပင်ကျွတ်တယ်ဆိုတာ ဆံသားတွေ ခြောက်သွေ့ပြီး ဦးရေပြားအားနည်းလို့ ဖြစ်တာပါ။ ဒါ့ကြောင့် Hair Tonic ကို ခေါင်းလျှော်ပြီးတိုင်းထည့်ဖို့ မမေ့ပါနဲ့။ Hair Tonic က ဆံပင်အရင်းအမြစ် နဲ့ ဦးရေပြားကို အေးမြစေပြီး အားဖြည့်ပေးတဲ့အတွက် ဆံပင်ကျွတ်တာ ပျောက်ကင်းစေပြီး ဆံပင်အမြစ်တွေ ခိုင်မာလာစေပါတယ်။

Hair Tonic သဘာဝနည်း
တကယ်လို့ ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ Hair tonic ကို မသုံးချင်ဘူး၊ ကိုယ့်ဘာသာကိုယ် သဘာဝကျတဲ့ နည်းလမ်းတွေကို အသုံးပြုချင်တယ်ဆိုရင်တော့ နည်းလမ်းလေးပေးပါမယ်။ ကြိတ်မှန်ရွက် ၊ မြင်းခွာရွက် နဲ့ ကွမ်းရွက်တို့ကို အရည်ရအောင် ညှစ်လိုက်ပါ။ ပြီးရင် ရလာတဲ့အရည်ထဲကို ရှောက်သီးနည်းနည်း ထည့်လိုက်မယ်ဆိုရင် သဘာဝ Tonic ကို ရရှိသွားပါပြီ။ ဒီသဘာဝအရည်ကို ဦးရေပြားအနှံ့ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်ရင်း လိမ်းပေးနိုင်ပါတယ်။

ပြုလုပ်သင့်တဲ့အချက်တွေ
ခေါင်းလျှော်မယ်ဆိုရင်လည်း Hair Fall Protector ပါဝင်တဲ့ Shampoo ကိုသာ သုံးဖို့ အကြံပေးချင်ပါတယ်။ ခေါင်းဖြီးရာမှာလည်း ဘီး အပျော့စားကိုသာ အသုံးပြုပါ။ ခေါင်းကို Hair Coat နဲ့ Hair Serum လိမ်းပေးဖို့လည်း မမေ့ပါနဲ့။ နောက်ဆုံး ဒါတွေမသုံးချင်ဘူး၊ သုံးရအဆင်မပြေဘူးဆိုရင်တော့ သံလွင်ဆီ၊ အုန်းဆီ၊ ဗီတာမင်အီး လိမ်းပေးသင့်ပါတယ်။

Lifestyle_Myanmar
ref-stylecraze