
မျက်ဝန်းအလှအတွက် ချယ်သတဲ့နေရာမှာ Eyeshadow Palette တွေကလည်း မပါမဖြစ်ပါ။ Eyeshadow Palette မှာပါတဲ့ အရောင်တွေက စုံလင်နေတော့ ဘယ်အရောင်က သင့်အသားအရေနဲ့ လိုက်ဖက်လဲဆိုတာ ရွေးရခက်နေပါတယ်။ ဒါကြောင့် အသားအရေနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ အရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Fair/Light Skin Tones

Fair/Light Skin Tones ပိုင်ရှင်တွေက နက်မှောင်လွန်းတဲ့ အရောင်တွေ တောက်ပလွန်းတဲ့ အရောင်တွေထက်စာရင် ရွှေရောင်နဲ့ ကြေးဝါရောင်အပြင် Taupe၊ နှင်းဆီရွှေရောင်နဲ့ ရှန်ပိန်အရောင်တွေက ပိုမိုလိုက်ဖက်ပါတယ်။
Medium Skin Tones

Medium Skin Tones ပိုင်ရှင်တွေကတော့ အရောင်အစုံအလင်ချယ်သလို့ရပြီး ကြေးဝါ၊ ကြေးနီ၊ ရွှေနဲ့ ပျားရည်အနုရောင်တို့က အလိုက်ဖက်ဆုံးဖြစ်ပါတယ်။အပြာရောင်လိုအရောင်တွေက အံ့သြဖွယ် ကောင်းလောက်အောင် လိုက်ဖက်နေမယ့်အပြင် မီးခိုးရောင် နဲ့ လာဗင်ဒါ Eyeshadow တို့ကိုလည်း ပေါ်လွင်ဖို့အတွက် အသုံးပြုလို့ရပါတယ်။
Dark/Deep Skin Tones

Dark/Deep Skin Tones ပိုင်ရှင်တွေကတော့ အရောင်ဖျော့ဖျော့နဲ့ ပြာသွားနိုင်တဲ့အရောင်တွေကို ရှောင်ရှားသင့်ပါတယ်။ ရဲရင့်တဲ့အသွင်ဆောင်တဲ့ အရောင်တွေက အကောင်းဆုံးဖြစ်ပြီး သိမ်မွေ့တဲ့ အသွင်အပြင်အတွက်ဆိုရင်တော့ ရွှေရောင်နဲ့ Burgundy အရောင်များကိုရွေးချယ်သင့်ပါတယ်။
Olive Skin Tones

Olive Skin ပိုင်ရှင်တွေကတော့ မိတ်ကပ်လိမ်းတဲ့အခါ နူးညံ့တဲ့အရောင် ဒါမှမဟုတ် ရဲရင့်ပြီး ကြွယ်ဝတဲ့အရောင်တွေနဲ့ ကြည့်ကောင်းနေမှာပါ။ ရွှေအညိုရောင် Eyeshadow အရောင်တွေက အသားအရေ သဘာဝအရောင်ကို လှပစေပြီး အသားအရေကို ပေါ်လွင်စေချင်တယ်ဆိုရင်တော့ အစိမ်းရောင်၊ တော်ဝင်အပြာရောင်၊ ဇီးသီးနဲ့ လိမ္မော်ရောင်တွေလို တောက်ပတဲ့အရောင်တွေကို စမ်းသုံးကြည့်ပါ။