အလှအပနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တိုင်း သိသင့်တဲ့ အရာများ
mmload.com
|
2023-02-03

ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ အလှအပရေးရာမှာတခြား အသက်အရွယ်ရှိတဲ့မိန်းကလေးတွေနဲ့ မတူတာတွေ ရှိပါတယ်။ငယ်ရွယ်တဲ့အချိန်မှာ သဘာဝအတိုင်းလေး လှပနေတာမို့ အလှအပတွေကို အရမ်း ပြင်ဆင်ခြယ်သစရာမလိုပါဘူး။ ငယ်ရွယ်နုပျိုတဲ့ အလှကိုပေါ်လွင်အောင်သာ လိမ်းခြယ်သင့်ပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်လေးတွေနဲ့ပတ်သက်ပြီး အခြားအလှအပနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အချက်လေးတွေကို မျှဝေပေးပါ့မယ်။

မိတ်ကပ်တွေကိုအထူကြီးမလိမ်းပါနဲ့။


ဆယ်ကျော်သက်မိန်းကလေးတွေ အများဆုံးလုပ်လေ့ရှိတာကတော့မိက်ကပ်များရင် ပိုလှတယ် အထင်နဲ့အောက်ခံမိတ်ကပ်ထူထူကြီးလိမ်းတာပါပဲ။ ဆယ်ကျော်သက် မိန်းကလေးတွေအတွက်ကတော့ သဘာဝအတိုင်း အလှရှိပြီးသားမို့ အောက်ခံမိတ်ကပ်ကိုအထူကြီး လိမ်းမယ်ဆိုရင် ပင်ကိုယ်အလှကိုပါ ဖုံးသွားစေပြီး ရုပ်ရင့်သွားစေပါတယ်။

Concealer ကိုပွတ်မလိမ်းပါနဲ့။


အမာရွတ်ကိုပဲဖြစ်ဖြစ် ဝက်ခြံကိုပဲ ဖြစ်ဖြစ် ဖုံးချင်တဲ့အခါ Concealer ကို သုံးကြပါတယ်။ သုံးတဲ့အခါမှာလည်းပျောက်ချင်ဇောနဲ့ ဖိဖိပြီး လိမ်းတတ်ကြပါတယ်။ ဒါဟာအမှားတွေထဲက တစ်ခုပါ။ ဒါကြောင့် လိမ်းတဲ့အခါလက်သူကြွယ်ထိပ်လေးနဲ့နည်းနည်းလေးယူပြီး လိမ်းချင်တဲ့ နေရာမှာ အသာအယာလေး ပုတ်ပြီးလိမ်းဖို့လိုပါတယ်နော်။

ဆံပင်Color ကို ခဏခဏမပြောင်းပါနဲ့။


အခုခေတ်ဆယ်ကျော်သက်တွေကြားမှာ ဆံပင်အရောင်ဆိုးတာကအရမ်းကို Trend ဖြစ်နေပါတယ်။ဆိုးဆေးအားလုံးမှာက Chemical ပါတာမို့ အခုအရွယ်ကတည်းက စဆိုးနေရင် အသက်အရွယ် တစ်ခုရောက်လာတဲ့အခါမှာside effect တွေ ဖြစ်စေနိုင်ပါတယ်။ Highlight ဖောက်တာကလည်း ဆံသားတွေကို အရမ်းပျက်ဆီးစေနိုင်သလိုမျက်နှာနားတစ်ဝိုက်မှာပဲ အများကြီးဖောက်ထားခြင်းကအပေါစားဆန်သွားစေနိုင်တာကိုသတိထားသင့်ပါတယ်။

Brand တစ်ခုရှိပြီးသားကိုသာသုံးပါ။


အသားအရေထိန်းပစ္စည်းတွေဝယ်မယ်ဆိုရင် နေ့စဉ်နှင့်အမျှ လိမ်းဖို ရည်ရွယ်တဲ့ အဓိကပစ္စည်းတွေကို အရည်အသွေးကောင်းတာကိုသာ ရွေးချယ်သင့်ပါတယ်။ ဒါတွေအတွက် ငွေကုန်ခံရမှာကိုမနှမြောပါနဲ့။

အလှကုန်ပစ္စည်းတွေရဲ့သက်တမ်းကိုဂရုစိုက်ပါ။

တော်တော်များများကCosmetic တွေ ဝယ်ရင် Expire Date ကို ကြည့်ဖို့မေ့ချင်ကြပါတယ်။ တစ်ချို့ဆို သိမ်းထားရင်းနဲ့သိမ်းထားရင်း သိမ်းထားရင်းနဲ့အချိန်ကြာလာတာနဲ့အမျှဒီပစ္စည်းတွေရဲ့ သက်တမ်းကုန်သွားပြီး ပျက်စီးသွားပါတယ်။ သက်တမ်းလွန်ပြီး ပျက်စီးနေတဲ့ အလှကုန်ပစ္စည်းတွေကို မသိဘဲသုံးမိရင် အသားအရေကို ပျက်ဆီးစေပါတယ်။




Some text some message..