အကြောပြတ်ရာတွေသက်သာစေဖို့ကူညီပေးမယ့် အလွယ်ကူဆုံးသောနည်းလမ်း ၅ မျိုး
mystylemyanmar.com
|
2023-02-07

အကြောပြတ်ရာရှိလို့ ပျောက်ချင်တယ်ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး သေချာပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ အကြောပြတ်ရာတွေကို ဖြေးဖြေးချင်းစီ သက်သာလာပြီး ပါးလာပြီး ပျောက်သွားအောင်လုပ်ဖို့ အချိန်တော့ ယူရမှာပါ။ ဒါကြောင့် ငွေကုန်သက်သာပြီး လုပ်ရတာလည်း အဆင်ပြေအောင် အကြောပြတ်ရာတွေ သက်သာစေဖို့ ကူညီပေးမယ့် အလွယ်ကူဆုံးသော နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Aloe Vera


Aloe Vera မှာက Vital Enzymes, Minerals, Vitamins, Fatty Acids စတာတွေပါဝင်လို့ Skin Elasticity ကို တိုးမြှင့်ပေးပါတယ်။ အကြောပြတ်ရာ သက်သာစေဖို့လည်း သုံးလို့ရပါတယ်။ နေ့တိုင်းလိမ်းပေးရမှာပါ။ ဒါမှ အကြောပြတ်ရာတွေက ဖြေးဖြေးချင်းစီ သက်သာပြီး ပါးသွားမှာပါ။

သံလွင်ဆီ


သံလွင်ဆီကို အပူပေးပြီး နွေးနွေးလေးဖြစ်သွားရင် အကြောပြတ်ရာပေါ်ကို ပွတ်လိမ်းပေးပါ။ သံလွင်ဆီမှာက Nutrients, Vitamins နဲ့ Antioxidants တွေပါလို့ အကြောပြန်ရာတွေ သက်သာစေပါတယ်။ အသားအရေ ချောမွေ့စေပါတယ်။ တစ်နေ့ကို ၂ ကြိမ်လိမ်းပေးရမှာပါ။

Sugar Scrub


Sugar Scrub လုပ်ဖို့အတွက် သကြား – စားပွဲတင်ဇွန်း ၁ ဇွန်းကို Almond Oil (သို့) သံလွင်ဆီ နည်းနည်း၊ သံပယိုရည် နည်းနည်းထည့်ပြီး ရောမွှေပါ။ ပြီးရင်တော့ အကြောပြတ်ရာ ရှိတဲ့နေရာကို ဖြေးဖြေးချင်းစီပွတ်ပြီး Scrub တိုက်ပေးပါ။ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပါ။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အကြောပြတ်ရာတွေ သက်သာစေပါတယ်။

အာလူးအရည်


အာလူးကိုခြစ်ပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့အရာကိုမှ အကြောပြတ်တဲ့နေရာကို လိမ်းပေးပါ။ ကြာကြာထားပြီးမှ ရေနဲ့ပြန်သန့်စင်ပေးပါ။ အမဲစက်တွေပါးစေသလို အကြောပြတ်ရာတွေလည်း သက်သာစေပါတယ်။

Tea Tree Oil


Tea Tree Oil ကလည်း ဝက်ခြံနဲ့အမာရွတ်တွေ ပျောက်ဖို့အတွက် ကောင်းသလို အကြောပြတ်ရာတွေ သက်သာဖို့အတွက်လည်း ကောင်းပါတယ်။ Tea Tree Oil ကို သံလွင်ဆီနဲ့ နည်းနည်းစီရောပြီးတော့ အကြောပြတ်တဲ့နေရာကို လိမ်းပေးကာ Massage လုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေပြန်ဆေးလိုက်ရုံပါပဲ။




Some text some message..