ဆံပင်ကြီးထွားမှုကို မြှင့်တင်ဖို့ ကူညီပေးမယ့် အကောင်းဆုံးဆီများ
mystylemyanmar.com
|
2023-02-10

မင်္ဂလာပါ…. ပျိုမဒီတို့ရေ….. ဆံကေသာဆိုတာ မိန်းကလေးအတွက် ရတနာတစ်ခုပါပဲနော်။ ကျန်းမာပြီး သန်စွမ်းတဲ့ဆံပင်ကို ပိုင်ဆိုင်ဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့အိပ်မက်ပါပဲ။ အမေတို့ အဖွားတို့ခေတ်တုန်းကတော့ ပိတုန်းရောင်ဆံကေသာတွေနဲ့ပေါ့။ ဒါပေမယ့် ခုချိန်မှာတော့ ဆံပင်တွေက ဖြောင့်တာ ကောက်တာ ဆေးဆိုးတာတွေကြောင့် ပျက်စီးတဲ့အခါ စိတ်ညစ်ရတာပါပဲနော်။

အခုဆိုရင် ဆံပင်ကျန်းမာသန်စွမ်းဖို့ ကူညီပေးနိုင်တဲ့ hair oil တွေက ဈေးကွက်ထဲမှာ ဈေးအမျိုးမျိုး တံဆိပ်မျိုးမျိုးနဲ့ ရှိနေပါပြီနော်။ ဆံပင်ကြီးထွားမှုကို ကူညီပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်ဖြစ်ဖို့ ကူညီပေးမယ့် အဆီတွေကေို ဖော်ပြပေးလိုက်မယ်နော်။

Coconut Oil


ဖက်တီးအက်ဆစ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အုန်းဆီက ဦးရေပြားကို အာဟာရဖြည့်ပေးရုံသာမက ဦးရေပြားနဲ့ ဆံပင်ကို နက်ရှိုင်းစွာ အစိုဓာတ်ပေးနိုင်ပါတယ်။

Almond Oil


ဗာဒံစေ့မှာ ဗီတာမင်၊ ပရိုတင်းနဲ့ တိုကိုဖီရော ပါဝင်တာကြောင့် ဆံပင်ကြီးထွားမှုကို သိသိသာသာ အားကောင်းစေပါတယ်။

Castor Oil


ဦးရေပြားရောင်ရမ်းမှုကို လျှော့ချရာမှာ ကူညီပေးတဲ့ Ricinoleic Acid< ဗီတာမင် E၊ သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝတဲ့ အရင်းမြစ်တစ်ခုဖြစ်တဲ့ ကြက်ဆူဆီဟာ ဦးရေပြားနဲ့ ဆံကေသာအတွက် အံ့ဖွယ်ကောင်းလောက်အောင် အကျိုးရှိပါတယ်။

Olive Oil


သံလွင်ဆီက ဗီတာမင် E နဲ့ Oeic Acid ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဆံပင်ကြီးထွားမှုအတွက် တကယ့်ကို ကောင်းမွန်လွန်းပါတယ်။

Lavender Essential Oil


Lavender ရဲ့အဆီက အရေပြားဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေနိုင်ပြီး ဆံပင်ကြီးထွားမှုကို အထောက်အကူဖြစ်စေပါတယ်။

Tea Tree Oil


Tea tree oil ဟာ ဦးရေပြားကို သန့်စင်ပေးနိုင်ဖို့ အစွမ်းထက်ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။
​​




Some text some message..