နှုတ်ခမ်းနီလှလှလေး ဆိုးချင်တဲ့ ပျိုမေတို့ သိထားသင့်တဲ့ အခြေခံအချက် (၇) ချက်
mystylemyanmar.com
|
2023-02-21

မိတ်ကပ်အကုန်လိမ်းပြီးနောက် နောက်ဆုံး နှုတ်ခမ်းနီဆိုးရတဲ့ အဆင့်က ပျော်ဖို့ကောင်းပါတယ်​။ ဘာလို့လဲဆိုတော့ နှုတ်ခမ်းနီနဲ့ ပတ်သက်ရင် ရွေးချယ်စရာ အများအပြားရှိသလို အရောင်တွေလည်း အမျိုးမျိုး ရှိပါတယ်။ အရောင် ၂ ရောင် စပ်ဆိုးရတာကလည်း ပျော်ဖို့ကောင်းပါတယ်။ ဒီတစ်ခေါက်မှာတော့ နှုတ်ခမ်းနီး ဆိုးတဲ့ ပျိုမေတိုင်း သိထားသင့်တဲ့ အခြေခံ အချက်တွေကို ဖော်ပြပါရစေ။

၁။ ကိုယ့် Skin Tone ကို သိအောင် လုပ်ပါ


သင်က နှုတ်ခမ်းနီ Shopping မလုပ်ခင် သင့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ကို အရင်ရွေးသင့်ပါတယ်။ ကိုယ်က အသားဖြူသူလား၊ ညိုသူလား၊ ကိုယ့်ဆံပင်အရောင်က ဘာလဲ၊ ကိုယ့်မျက်လုံးအရောင်နဲ့ ဘယ်အရောင်လှမလဲ စသဖြင့် အရင်စဉ်းစားသင့်ပါတယ်။ ဘာလုပ်ရမှန်းမသိရင် ကိုယ်နဲ့ အသားအရောင်တူတဲ့ နာမည်ကျော်တွေကို လိုက်ကြည့်သင့်ပါတယ်။

၂။ နှုတ်ခမ်းနီ စစုပါ


ဒီအဆင့်ကတော့ သင် သဘောကျမယ့် အဆင့်ပါ။ ကိုယ်နှစ်သက်တဲ့ အရောင်လေးတွေ စ စုဆောင်းရပါမယ်။ အမျိုးသမီး အများစုမှာ ရှိသင့်တဲ့ အရောင်တွေကတော့- အနီ၊ ပန်းရောင်၊ အညိုရောင်၊ ဘယ်ရီရောင် နှုတ်ခမ်းနီတို့ ဖြစ်ပါတယ်​။ Matte Finish လား Glossy Finish လားလဲ ကြည့်ဝယ်သင့်ပါတယ်။

၃။ ကြိုတင်ပြင်ဆင်ပါ


သင့်နှုတ်ခမ်းနီက အပြင်ဘက် ပြန့်လွယ်တယ်ဆိုရင် Lip Liner နဲ့ အရင် အနားသတ်ထားသင့်ပါတယ်။ နှုတ်ခမ်းနီ အရောင်လေး ခံပြီး သပ်ရပ်ဖို့ Lip Primer ကလည်း သင့်တော်ပါတယ်။

၄။ ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်းကို ရှာဖွေပါ


မိန်းကလေး တစ်ယောက်နဲ့ တစ်ယောက် နှုတ်ခမ်းနီ ဆိုးတဲ့ ပုံစံ မတူနိုင်ပါဘူး။ တချို့က နှုတ်ခမ်းအတွင်းသားကို ဆိုးပြီးမှ အပြင်ဘက် ဖြန့်တတ်ကြပါတယ်။ သင့် နှုတ်ခမ်း နဲ့ အဆင်ပြေတဲ့ နည်းလမ်းကို ရနိုင်ဖို့ အမျိုးမျိုး စမ်းကြည့်နိုင်ပါတယ်။

၅။ နှုတ်ခမ်းနီ အခြေအနေကို လေ့လာပါ


နှုတ်ခမ်းနီ တစ်ထပ်တည်းဆိုးရင် နှုတ်ခမ်းနီ အရောင် တစ်မျိုးထွက်ပြီး သုံးလေးထပ် ဆိုးရင် ပိုရင့်သွားနိုင်ပါတယ်။ သင်က အရင့်ကြိုက်လား၊ အနုကြိုက်လား အမျိုးမျိုး ဆိုးကြည့်သင့်ပါတယ်​။

၆။ နှုတ်ခမ်းသားလေး တောက်ပဖို့


သင်က နှုတ်ခမ်းနီ အရောင် တောက်တောက်လေး လိုချင်ရင် နှုတ်ခမ်းအလယ်ကို Lip Gloss တင်လိုက်တာ ဒါမှမဟုတ် Vaseline လိမ်းလိုက်တာမျိုး လုပ်နိုင်ပါတယ်။ ဒီလို အလယ်လေး ဆိုးလိုက်တာက Matte Finish မကြိုက်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေပါတယ်။

၇။ နှုတ်ခမ်းနီ ပြန်ဆိုးပါ


တစ်နေ့တာမှာ နှုတ်ခမ်းနီကို မိတ်ကပ်ထပ် ပိုပြီး ပြန်သုံးပေးရပါတယ်။ အထူးသဖြင့် တစ်ခုခု စားပြီးတဲ့အချိန်ပါ။ ဒီလိုလေး ပြန်ဆိုးပေးမှ အမြဲလှနေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..