ကိုးရီးယားမလေးတွေ အညှပ်များတဲ့ ဆံပင်စတိုင် (၁၀) မျိုး
mystylemyanmar.com
|
2023-03-17

Hair Trend တွေက အမြဲပြောင်းလဲနေလေ့ရှိပါတယ်။ ကိုးရီးယားက အမျိုးသမီးတွေဟာ ဆံပင်စတိုင်ကို အမျိုးမျိုး တီထွင် ပြောင်းလဲလေ့ရှိပါတယ်။ ဒီလို ပြောင်းလဲတဲ့နေရာမှာ Trend နဲ့အတူ ကိုယ့်မျက်နှာကို ပိုလှစေမယ့် ဆံပင်စတိုင်တွေကို ကိုးရီးယားသူတွေက ပိုဦးစားပေးလေ့ရှိပါတယ်။ သင်က ကိုးရီးယားမလေးတွေ ထားတဲ့ ဆံပင်စတိုင်တွေကို သိထားမယ်ဆိုရင် ကိုးရီးယားသူလေးတွေလို လှနိုင်ပါတယ်။ သင်နှစ်သက်တဲ့ စတိုင်ကို ညှပ်နိုင်ဖို့ ကိုးရီးယား နိုင်ငံသူတွေ ညှပ်လေ့ရှိတဲ့၊ ကိုးရီးမလေးတွေကြား ရေပန်းစားတဲ့ ဆံပင်စတိုင်တွေကို ဖော်ပြပါရစေ။

Long Layered Pixie With Side Bangs (Leaf Cut)


ဆံပင်အတို ညှပ်ချင်တဲ့ ပျိုမေတို့ ညှပ်သင့်တဲ့ စတိုင်ကတော့ Leaf Cut စတိုင်ပါ။ ဒီဆံပင်စတိုင်က ထသွားထလာ ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် ဆံပင်စတိုင် ဖြစ်ပါတယ်။

Korean Layered Bob Hairstyles


ဆံပင်အတိုကိုမှ မိန်းကလေးဆန်ဆန်နဲ့ လှချင်ရင် ဒီ Bob Hairstyle နဲ့ အဆင်ပြေမှာပါ။ ဒီဆံပင်စတိုင်က ထိန်းသိမ်းရတာလည်း အဲ့လောက် မခက်ခဲပါဘူး။

Blunt Korean Bob Hairstyles


သင်က ဆံပင်အဖြောင့်ပိုင်ဆိုင်ရင် ဒီဆံပင်တိုက အဆင်ပြေမှာပါ။ သဘာဝဆန်ဆန်နဲ့ လှစေမယ့် ဆံပင်စတိုင် ဖြစ်ပါတယ်။

Blunt Bob With Layers (Tassel Cut)


နေရတာ ပေါ့ပေါ့ပါးပါး ဖြစ်ကာ ဆံပင်အဖြောင့်ကို Side Bangs နဲ့ တွဲထားတဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။

Shoulder Length Layered Haircut


ဆံပင်ဂုတ်ထောက် စတိုင်ကိုမှ အလွှာလေးတွေထည့်လိုက်တဲ့အခါ သင့်မျက်နှာလေးကို Soft ဖြစ်သွားစေပါတယ်။

Layered Korean Short Bob Hairstyles


ဆံပင်ကို ပိုထူတယ်ထင်ရစေမယ့်အပြင် အလွှာစတိုင်လေးက သင့်ကို ပေါ့ပါးသွက်လက်တဲ့ မိန်းကလေး ဖြစ်စေမှာပါ။

Hush Cut


မျက်နှာလေးကို ပိုသွယ်သွားစေချင်ရင် Hush Cut စတိုင်နဲ့ အဆင်ပြေပါမယ်။

Korean Lob Hairstyles


ဂုတ်ထောက်စတိုင်ကိုမှ ဂုတ်ဝဲလေး သွားတဲ့ စတိုင်ကို သင်နှစ်သက်လောက်ပါတယ်။ ဒီဆံပင်ကိုမှ ကိုးရီးယားမ အများစုက အညိုရောင် ဆိုးတတ်ကြပါတယ်။

Shoulder-Length Layered Hair With Waves


အလွှာစတိုင်ကိုမှ Perm ကောက်လိုက်တာက သင့်ကို ကျက်သရေရှိရှိ လှစေမှာပါ။

Long Layered Haircut


သင်က ဆံပင်အရှည်လေး နှစ်သက်ရင် ဒီစတိုင်လေးက အဆင်ပြေမှာပါ။ အလွှာက မျက်နှာလေးကို သွယ်သွားစေဖို့ ထောက်ပံ့ပေးသင့်ပါတယ်။

Source: KBeauty Addiction

By MyStyle Myanmar




Some text some message..