Short Hair နဲ့ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ပို့စ်ပေးနည်းများ
mystylemyanmar.com
|
2023-03-24

ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေထဲမှာမှ ဒီတစ်ခါမှာတော့ Short Hair နဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

မတ်တပ်ရပ်ပြီး ရိုက်တဲ့အခါမှာ လက်ကိုဘယ်နားထားရမှန်းမသိရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မျက်နှာက ကင်မရာကိုမကြည့်ပဲ တစ်ဖက်ကိုကြည့်နေတဲ့ပုံလေး လုပ်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။


ထိုင်ပြီးရိုက်တဲ့အခါ အအေးဘူး၊ ကော်ဖီဘူး လက်ထဲမှာရှိနေရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။


ဒီပို့စ်လေးမှာတော့ လက်ထားတဲ့ပုံစံက အဓိကပါပဲ။ မျက်နှာလေးကို နည်းနည်းမော့ပြီး ကင်မရာကိုကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းတဲ့ပုံလေး ထွက်လာပါလိမ့်မယ်။


အပြင်ဘက်တစ်နေရာရာမှာ ထိုင်ရိုက်တဲ့အခါမှာတော့ ဒီလိုလေးတွေ ပို့စ်ပေးလို့ရပါတယ်။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။



ကော်ဖီဆိုင်လေးတွေမှာ ထိုင်ရိုက်တဲ့အခါ ကင်မရာကိုကြည့်ရိုက်နေရတာတွေ ရိုးလာရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။


ကြော့ရှင်းတဲ့စတိုင်လ်လေးနဲ့ဆိုရင်တော့ ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။


Lighting ကောင်းတဲ့နေရာလေးမှာ ဒီလိုမျက်နှာထားလေးနဲ့ ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ပုံလေးထွက်လာပါလိမ့်မယ်။


ဂါဝန်တိုလေးဝတ်ပြီးရိုက်တဲ့အခါ သူများနဲ့မတူတဲ့ပုံစံလေးနဲ့ ရိုက်ချင်တယ်ဆိုရင်တော့ ဒီလိုလေးသာ ပို့စ်ပေးရိုက်ပါ။


အပေါ်ထပ်အင်္ကျီလေးဝတ်ထားတဲ့အခါမှာတော့ ဒီပို့စ်လေးကို Try ကြည့်ပါ။ ပေါ့ပါးလွတ်လပ်တဲ့ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။


ဒီပို့စ်လေးကျတော့ Short Hair လေးတွေနဲ့ဆို လည်တိုင်အလှလေးနဲ့ မေးရိုးအလှလေးပေါ်လွင်ပြီးတော့ အရမ်းလှပါတယ်။


ဒါကတော့ အထာကျကျနဲ့ လွတ်လပ်ပေါ့ပါးပြီး ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးပါ။


Photo source:www.pinterest.com




Some text some message..