ဂါဝန်နှစ်သက်တဲ့ ပျိုမေတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ဒူးအထက် ဂါဝန်စတိုင်များ
mystylemyanmar.com
|
2023-04-09

ဒူးအထက် ဂါဝန်လေးတွေက ပျိုမေတိုင်း လိုလိုနဲ့ လိုက်ဖက်တဲ့အပြင် ဆွဲဆောင်မှု ရှိတဲ့ ဂါဝန်ပုံစံတွေ ဖြစ်ပါတယ်။ ဂါဝန် ဒူးအထက် စတိုင်တွေက ပူအိုက်တဲ့ ရာသီနဲ့ အဆင်ပြေကာ ပေါ့ပေါ့ပါးပါး ဝတ်နိုင်မယ့် စတိုင်တွေ ဖြစ်ပါတယ်။ အခုဖော်ပြတဲ့ ဂါဝန်တို ပုံစံလေးတွေက ချစ်ဖို့ကောင်းတဲ့အပြင် ချုပ်ဝတ်မယ်ဆိုရင်တောင် အသုံးဝင်မယ့် စတိုင်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် အများကြီး မတိုတာကြောင့် ဒူးဖုံး ဝတ်နေကျ ပျိုမေတွေတောင် ဝတ်ကြည့်သင့်တဲ့ ဂါဝန်စတိုင်တွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

အင်္ကျီလက်ပြတ် ဂါဝန်အဖြူလေးက ပေါ့ပေါ့ပါးပါး ရှိကာ အောက်ဘက် အတွန့်လေးနဲ့ဆိုရင် ခန္ဓာကိုယ် ကောက်ကြောင်း လှတယ် ထင်ရစေပါတယ်။


အင်္ကျီလက်ပြတ် ပန်းရောင်စတိုင်လေးကိုမှ ခါးနေရာ အစည်းလေးနဲ့ ဂါဝန်စတိုင်က ခါးသေးသေးသွယ်သွယ်လေးကို ပံ့ပိုးပေးပါလိမ့်မယ်။


လက်ဖောင်းပုံစံလေးနဲ့ ရှေ့ဘက် ကြယ်သီးပါတဲ့ ဂါဝန်စတိုင်က Classic ဆန်ကာ ဘယ်အချိန် ဝတ်ဝတ် သင့်တော်တဲ့ ဂါဝန်စတိုင် ဖြစ်ပါတယ်။


ချစ်ဖို့ကောင်းပြီး ပျိုမေတိုင်း နှစ်သက်မယ့် လည်ပင်းပုံစံ ဂါဝန်လေး ဖြစ်ပါတယ်။


ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘဲ ရိုးရိုးရှင်းရှင်း ဂါဝန်လေးကို နှစ်သက်ရင် ဒီစတိုင်လေးကို ဝတ်ကြည့်သင့်ပါတယ်။


ဒီအဖြူဂါဝန်လေးက အပေါ် လက်ပြတ် ဂါဝန် အဖြူလေးနဲ့ ပုံစံ ဆင်တူပေမယ့် ဒီစတိုင်လေးကတော့ ပွဲသွားတဲ့အချိန်ပါ ဝတ်နိုင်မယ့် စတိုင်မျိုးပါ။


မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ Vibe လေး ရချင်ရင် ဒီဂါဝန်ပုံစံလေးကို ရွေးချယ်သင့်ပါတယ်။


အနက်ရောင်က ဆွဲဆောင်မှု ရှိကာ ဒီ အနက်ဂါဝန်စတိုင်ကတော့ သင့်ကို ပိုဆွဲဆောင်မှုရှိတဲ့ မိန်းကလေး ဖြစ်စေပါလိမ့်မယ်။


လက်ကျလေးက ချစ်ဖို့ကောင်းပြီး ချုပ်ဝတ်မယ်ဆိုရင် ပိုတောင်လှမယ့် ဂါဝန်စတိုင် ဖြစ်ပါတယ်။


မိန်းကလေးဆန်တဲ့ အရောင်လေး ဆိုရင်တော့ ဒီဂါဝန်အရောင်လေးက ကွက်တိပါပဲ။


Off the Shoulder ဂါဝန်စတိုင်လေး ကြိုက်ရင်တော့ ဒီပုံစံလေး ရှာဝယ်သင့်ပါတယ်။


အနီရောင်နဲ့ ဆွဲဆောင်မှုရှိရှိ လှချင်တဲ့ ပျိုမေတို့အတွက် ဂါဝန်စတိုင်လေး


ကမ်းခြေသွားတာ၊ ခရီးသွားတာ စတာတွေမှာ ဝတ်နိုင်မယ့် အင်္ကျီလက်ပြတ် ဂါဝန် စတိုင် ဖြစ်ပါတယ်။


Photo Source: Pinterest

By MyStyle Myanmar




Some text some message..