Eyebrow Tattoo ထိုးပြီးရင် သတိပြုရမယ့်အချက်များ
mystylemyanmar.com
|
2023-04-11

မင်္ဂလာပါ…. ပျိုမဒီတို့ရေ….အခုဆိုရင် မျက်ခုံးပါးတဲ့လူတွေ ၊ အပြင်သွားတိုင်း မျက်ခုံးမဆွဲချင်လူတွေ စသဖြင့် အကြောင်းကြောင်းတွေကြောင့် အချိန်တိုင်းလှချင်နေတဲ့ မိန်းကလေးတော်တော်များက Eyebrow Tattoo ကို ရွေးချယ်လာကြပါတယ်။ Eyebrow Tattoo ထိုးပြီးရင် တတ်တူးထိုးပြီးကာစ ရက်တွေမှာ အရမ်းကြီးထင်းနေတာ ၊ သိသိသာသာနက်နေတာ ၊ ကြီးနေတာ ၊ နီနေတာ ၊ ရောင်ရမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် အနာကျက်လာပြီး အချိန်ကြာလာတာနဲ့အမျှ 25-40% မှိန်သွားပြီး ဒီကိစ္စတွေ လျော့နည်းသွားမှာပါ။  ဒါကြောင့် Eyebrow Tattoo ထိုးမယ်ဆိုရင် ထိုးပြီးကာစ ပထမဆုံးတစ်ပတ်မှာ မှန်မှန်ကန်ကန် ထိမ်းသိန်းဖို့က အရေးကြီးပါတယ်နော်။

Tattoo ထိုးပြီးကာစမှာ အရည်လေးတွေ စိမ့်ထွက်တတ်ပါတယ်။ ဒါကို သန့်ရှင်းစေဖို့ သန့်ရှင်းတဲ့ တစ်ရှူးနဲ့ အသာလေးသုတ်ပေးပါ။ တစ်နေ့ကို  ၅ မိနစ် တစ်ကြိမ်  လုပ်ပေးပါ။


ဘက်တီးရီးယားနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ မနက်တိုင်း မျက်ခုံးမွှေးကို ကြက်သီးနွေးရေနဲ့ Dial Soap လိုမျိုး ဘက်တီးရီးယားပိုးသတ်ဆပ်ပြာနဲ့ ဖြည်းဖြည်းချင်း ဆေးပေးပါ။ 10 စက္ကန့်လောက်ဆေးပြီးရင် ဆပ်ပြာအားလုံး ပြောင်သွားအောင် ရေနဲ့ဆေးချပါ။ အခြောက်ခံဖို့ သန့်ရှင်းတဲ့ တစ်ရှူးနဲ့ အသာလေးသုတ်ပေးပါ။


Aquaphor ကို ဂွမ်းသန့်သန့်လေးနဲ့ ထိုးပြီးကာစ တတ်တူးပေါ်မှာလိမ်းပေးပါ။ အများကြီးလိမ်းမိရင် အနာကျက်နှေးတာမျိုး ဖြစ်တတ်ပါတယ်။ လိမ်းတဲ့အချိန်မှာ တတ်တူးကခြောက်နေဖို့ အရေးကြီးပါတယ်။


သန့်ရှင်းတဲ့ ခေါင်းအုံးစွပ်ကို အသုံးပြုပါ။


တက်တူးထိုးထားတဲ့နေရာကို ပွတ်တာ ၊ ခြစ်တာမျိုးမလုပ်ပဲ သဘာဝအတိုင်းကွာပါစေ။ Avoid facials, Botox, Chemical Treatments or Microdermabrasi စတာတွေကို အနည်းဆုံး တစ်လရှောင်ပါ။


ချွေးထွက်စေတဲ့အရာတွေနဲ့ ရေကူးခြင်း၊ ရေစိမ်ခြင်း၊ ရေနွေးငွေ့နဲ့ရေချိုးခြင်း စတာတွေကို ပထမ 10 ရက်အတွင်း ရှောင်ပါ။


ပထမ 10 ရက်အတွင်း မှောက်အိပ်တာကို ရှောင်ပါ။ Sunscreen အပါအဝင် မိတ်ကပ်လိမ်းတာမျိုး ၂ပတ်လောက် ရှောင်ပါ။


နေရောင်နဲ့တိုက်ရိုက်ထိတွေတာမျိုးကို အနည်းဆုံး တစ်လရှောင်ပါ။ အပြင်ထွက်တဲ့အခါ ဦးထုပ်ဆောင်းပါ။  နေကာမျက်မှန် တပ်ပါ။





Some text some message..