ဗိုက်အဆီတွေကိုဖျော်ချလိုက်သလို ကျသွားစေမယ့် လေ့ကျင့်ခန်းနဲ့ယောဂ ၇ မျိုး
mystylemyanmar.com
|
2023-04-16

ဗိုက်မှာအဆီတွေများနေလို့၊ ဗိုက်ခေါက်ထွက်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့သူတွေအတွက် ဗိုက်အဆီတွေကို ဖျော်ချလိုက်သလို ကျသွားစေမယ့် လေ့ကျင့်ခန်းနဲ့ယောဂ ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အချိန်ပေးနိုင်ရင် အိမ်မှာ အေးဆေးလုပ်လို့ရမယ့် လေ့ကျင့်ခန်းနဲ့ ယောဂတွေဖြစ်ပါတယ်။ လုပ်ရတာလည်း မခက်ခဲပါဘူး။

Crunches


ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁၀ ကြိမ် ဆက်တိုက်လုပ်ပေးပါ။ အချိန်ပြည့်ရင် ခဏနားပြီး ထပ်လုပ်ပါ။ စုစုပေါင်း အကြိမ် ၃၀ လုပ်ပေးရမှာပါ။

Side Bends


ခြေထောက်နှစ်ဖက်ကို နည်းနည်းကားထားပြီး လက်ကိုပုံမှာပြထားတဲ့အတိုင်းလုပ်ကာ ခါးကိုစောင်းလိုက်၊ မတ်မတ်ပြန်နေလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးပါ။ ပြီးရင် ဘယ်ညာပြောင်းပြီး နောက်ထပ် အကြိမ် ၃၀ အဲ့အတိုင်းပဲ ထပ်လုပ်ပေးပါ။

Vertical Leg Lifts


ကြမ်းမှာလှဲပြီး ပုံမှာလုပ်ပြထားသလို ခြေထောက်နှစ်ဖက်ကိုစုကာ အပေါ်မြှောက်လိုက်၊ ဖြေးဖြေးချင်းစီ ပြန်ချလိုက်နဲ့ လုပ်ပေးရပါမယ်။ အကြိမ် ၃၀ ပဲလုပ်ရမှာပါ။

Forearm Plank


ပုံမှာလုပ်ပြထားတဲ့အနေအထားနဲ့ ၁ မိနစ်ကြာအောင် Plank ထောက်ပေးရမှာပါ။ Plank ထောက်တဲ့အခါမှာ Yoga ဖျာနဲ့လုပ်ဖို့ မမေ့ပါနဲ့။

Side Plank


ပုံမှာလုပ်ပြထားတဲ့ Side Plank အနေအထားနဲ့ ၁ မိနစ်နေပေးရမှာပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းလှည့်ပြီး နောက်ထပ် ၁ မိနစ် ထပ်နေပေးပါ။

Cobra Pose


Cobra Pose အနေအထားနဲ့ စက္ကန့် ၃၀ နေပေးရမှာပါ။ အဲ့လိုနေနေတဲ့အချိန်မှာ အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ်လုပ်ပေးပါ။

Boat Pose


နောက်ဆုံးကတော့ ပုံမှာလုပ်ပြထားတဲ့ Boat Pose နဲ့ နေပေးရမှာပါ။ စက္ကန့် ၃၀ အဲ့အတိုင်းနေပေးပြီး အချိန်ပြည့်ရင် ခြေထောက်ပြန်ချ၊ ခဏနားပြီးရင် နောက်ထပ် အဲ့အတိုင်း စက္ကန့် ၃၀ ထပ်နေပေးပါ။ Boat Pose နဲ့နေတဲ့အချိန်မှာ ခြေထောက်ကို ဆန့်ထားရပါမယ်။ လက်ကလည်း ဆန့်ထားရပါမယ်။ ခါးကိုလည်း ပုံထဲကအတိုင်း တစ်ဖြောင့်တည်းဖြစ်အောင် ဂရုစိုက်ပြီး လုပ်ပေးပါ။




Some text some message..