မိတ်ကပ်လိမ်းတော့မယ်ဆိုရင် မဖြစ်မနေသုံးပေးသင့်တဲ့ Skincare ပစ္စည်းများ
mystylemyanmar.com
|
2023-04-24

မိတ်ကပ်လိမ်းတဲ့အခါမှာ ဒီတိုင်း မိတ်ကပ်တန်းလိမ်းရင် အသားအရေ ပျက်စီးစေပါတယ်။ မိတ်ကပ်သားလည်းမလှသလို အရေးအကြောင်းတွေလည်း ပိုဖြစ်လာစေပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းတော့မယ်ဆိုရင် ဒီ Skincare ပစ္စည်းတွေကိုတော့ မဖြစ်မနေသုံးပေးသင့်ပါတယ်။

Toner


Toner လိမ်းပေးတာက အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပါတယ်။ Skincare Step တွေထဲမှာလည်း Toner က အရေးပါတဲ့အဆင့်ပါပဲ။ ဒါကြောင့် Toner Step ကို မကျော်သွားပါနဲ့။

Moisturizer


Moisturizer လိမ်းပြီးမှ မိတ်ကပ်လိမ်းထားတဲ့ မျက်နှာအသားအရေနဲ့ Moisturizer မလိမ်းပဲ မိတ်ကပ်လိမ်းထားတဲ့ မျက်နှာအသားအရေနဲ့က ယှဉ်ကြည့်လိုက်မယ်ဆိုရင် အရမ်းသိသာပါတယ်။ Moisturizer မလိမ်းထားရင် မိတ်ကပ်လိမ်းတဲ့အခါ Blend လို့မကောင်းသလို အသားအရေမွဲခြောက်ခြောက်နဲ့ မိတ်ကပ်သားလည်း မညီပါဘူး။ Moisturizer လိမ်းပြီးမှ မိတ်ကပ်လိမ်းရင်တော့ Blend ရတာလည်း လွယ်ကူသလို မိတ်ကပ်သားညက်ညက်လေးနဲ့ စိုပြည်ပြီး လှပနေမှာပါ။

Sunscreen


မနက် ၁၀ နာရီကနေ ၄ နာရီအတွင်းဆိုရင်တော့ Sunscreen လိမ်းဖို့ကို လုံးဝမမေ့ပါနဲ့။ Sunscreen မလိမ်းရင် နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးပြီး အရေးအကြောင်းနဲ့ တင်းတိတ်၊ အမဲစက်တွေ ထွက်လာပါလိမ့်မယ်။

Primer


Primer လိမ်းပေးမှ မိတ်ကပ်သားကြာရှည်ခံပြီး မိတ်ကပ်သားလည်း ပိုလှမယ်၊ ချွေးပေါက်တွေကိုလည်း ဖုံးပေးနိုင်ပါတယ်။ မိတ်ကပ်က အသားအရေကို တိုက်ရိုက်ထိတွေ့တာမျိုး မဟုတ်တဲ့အတွက် အသားအရေ ထိခိုက်ပျက်စီးနှုန်းလည်း လျော့ကျစေပါတယ်။ တော်တော်များများက Primer အဆင့်ကို ချန်ခဲ့ကြတာ များပါတယ်။ တကယ်တော့ မိတ်ကပ်လိမ်းပြီဆိုရင် Primer လိမ်းပေးတာက အကောင်းဆုံးပါပဲ။




Some text some message..