နှာခေါင်းပုံစံအလိုက် လိုက်ဖက်မယ့် ဆံပင်စတိုင် (၆) မျိုး
mystylemyanmar.com
|
2023-05-04

သင်က ဆံပင်ပုံစံပြောင်းလိုက်တိုင်း သင့်နှာခေါင်းက အမြဲ ထင်းထွက်နေလို့ စိတ်ညစ်နေရသူလား။ ဒီတစ်ခေါက်မှာတော့ သင့်နှာခေါင်း ပုံစံလေးနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်ကို ဖော်ပြပါရစေ။ မှန်ကန်တဲ့ ဆံပင်ပုံစံနဲ့ သင့်နှာခေါင်းလေးကို ပိုလှသွားအောင် ဖန်တီးနိုင်ပါတယ်။ ဒီတော့ ကိုယ့်နှာခေါင်းပုံစံနဲ့ လိုက်ဖက်မယ့် ဆံပင်စတိုင်တွေကို ကြည့်လိုက်ရအောင်-

၁။ နှာခေါင်းအရှည်


သင်က နှာတံရှည်တယ်ဆိုရင် ဆံပင်ဂုတ်ဝဲစတိုင်နဲ့ လိုက်ဖက်ပါလိမ့်မယ်။ ဆံပင်ဂုတ်ဝဲက သင့်မျက်နှာကို အချိုးအစား ကျစေပါတယ်။

၂။ နှာခေါင်းကျယ်တာ


သင်က နှာခေါင်း ဗျန့်ကျယ်တယ်ဆိုရင် ဆံပင်ချကာ အလယ်ခွဲနဲ့ ကြည့်ကောင်းပါလိမ့်မယ်။ အလယ်ခွဲက သင့်အလှကို ပိုထူးခြားစေပါလိမ့်မယ်။

၃။ Button Nose


သင်က နှာတံ ခပ်တိုတို Button Nose ဆိုရင်တော့ ပုံသွင်းတဲ့ စတိုင်လေးတွေနဲ့ လိုက်ဖက်ပါလိမ့်မယ်။ ဆံပင်အတိုကိုမှ ကောက်ထားတဲ့ စတိုင်လေးက အလှဆုံး ဖြစ်ပါလိမ့်မယ်။

၄။ Hooked Nose


Hooked Nose ကတော့ ရှေ့ဆံပင်ချတဲ့ ဆံမြိတ်လေးနဲ့ လိုက်ပါလိမ့်မယ်။ ဒီလို ရှေ့ချတဲ့ စတိုင်လေးက သင့်မျက်နှာနဲ့ သင့်နှာခေါင်းကို အချိုးအစား ကျစေပါလိမ့်မယ်။

၅။ Bulbous Nose


ဒီလို နှာခေါင်းပုံစံနဲ့ လိုက်ဖက်မယ့် ဆံပင်စတိုင်ကတော့ ဆံပင်အတိုပါ။ ဆံပင်အတိုက သင့်နှာတံပုံစံကို အလှဆုံး ဖြစ်စေပါလိမ့်မယ်။

၆။ Turned-up Nose


Turned-up Nose စတိုင်ဆိုရင်တော့ သင့်ဆံပင်ကို ကပိုကရိုလေး ညှပ်သင့်ပါတယ်။ ဒီလိုစတိုင်လေးက Turned-Up Nose ပိုင်ရှင်တွေနဲ့ အလှဆုံး ဖြစ်မှာပါ။

သင်က ဘယ်လို နှာတံပုံစံကို ပိုင်ဆိုင်တာလဲ ပြောပြခဲ့ပါဦး။

Source: Brightside

by MyStyle Myanmar




Some text some message..