Style Pants အပွတွေကို စမတ်ကျပြီး အထာကျအောင် ဝတ်ဆင်နည်း (၈) မျိုး
mystylemyanmar.com
|
2023-06-03

Style Pants တွေကို ပျိုမေတိုင်းလိုလို အနည်းဆုံး တစ်ထည်လောက်တော့ ပိုင်ဆိုင်လာကြပါပြီ။ Style Pants တွေက သင့်ကို အရပ်ပိုရှည်သွားအောင် ဖန်တီးပေးနိုင်တဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျနေစေပါတယ်။ ဒီထဲမှာတော့ ပျိုမေအများစု ပိုင်ဆိုင်လေ့ရှိကြတဲ့ Style Pants အရောင်တွေကို အခြေခံပြီး အပေါ်အင်္ကျီနဲ့ တွဲဝတ်နည်းတွေကို ဖော်ပြထားပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ခဲရောင် ဘောင်းဘီရှည်


ဒီဘောင်းဘီအရောင်က အရောင်ဖျော့စတိုင် ဖြစ်ပြီး ပျိုမေအများစုနဲ့ လိုက်ဖက်တဲ့ အရောင် ဖြစ်ပါတယ်။ ဒါနဲ့ တွဲနိုင်မယ့် အင်္ကျီကတော့ အနက်ရောင် V Neck T Shirt စတိုင် ဖြစ်ပါတယ်။


ဒီဘောင်းဘီရှည် အရောင်နဲ့ ထပ်ပြီးတော့ လိုက်ဖက်မယ့် အရောင်ကတော့ မီးခိုးရောင် အင်္ကျီပါ။ မီးခိုးရောင် တီရှပ်နဲ့ ဒီဘောင်းဘီအဖျော့ကို တွဲဖက်နိုင်ပါတယ်။

၂။ အညိုရောင် Style Pants


အညိုရောင်က အရောင်ရွေးပေမယ့် အရောင်တွဲတတ်မယ်ဆိုရင် တော်တော်ကို လှတဲ့ အရောင်ထဲ ပါဝင်ပါတယ်။ အင်္ကျီအညိုရောင် အဖျော့နဲ့ ပေါ့ပေါ့ပါးပါး တွဲနိုင်ပါတယ်။

၃။ အညိုဖျော့ ဘောင်းဘီရှည်


ဒီဘောင်းဘီအရောင်နဲ့ ဆိုရင် အဖြူရောင် အင်္ကျီနဲ့ တွဲနိုင်ပါတယ်။ အဖြူရောင် Shirt နဲ့ စမတ်ကျကျ တွဲဝတ်နိုင်ပါတယ်။

၄။ မီးခိုးရောင် ရှပ်အင်္ကျီ


မီးခိုးရောင် ရှပ်အင်္ကျီကလည်း ပျိုမေတို့ရဲ့ အဝတ်ဗီဒိုထဲ ရှိသင့်တဲ့အထဲ ပါဝင်ပါတယ်။ ဒါကို အသားရောင် ဘောင်းဘီနဲ့ တွဲနိုင်ပါတယ်။

၅။ Style Level ကို တဆင့်မြှင့်ချင်ရင်


အဖြူရောင် တီရှပ်နဲ့ Style Pants ကို ရိုးရိုးရှင်းရှင်း တွဲဝတ်နိုင်သလို ဒီအပေါ်ကနေ အနွေးထည်ကို လည်ပတ်ပုံစံလေး ဖန်တီးနိုင်ပါတယ်။

၆။ အနက်ရောင် Style Pants


အနက်ရောင်ကတော့ ဘယ်အရောင်နဲ့ တွဲတွဲ လိုက်ဖက်လေ့ရှိပါတယ်။ ပုံထဲက စတိုင် ဝတ်ဆင်ပုံကို ပျိုမေတို့အနေနဲ့ နမူနာ ယူနိုင်ပါတယ်။

၇။ အညိုရောင် အတွဲအစပ်


အညိုရောင် အင်္ကျီလက်ပြတ်ကို အညိုရောင် Style Pants နဲ့ အထာကျကျ တွဲဖက်ကာ ဝတ်ဆင်နိုင်ပါတယ်။

၈။ ခဲပြာရောင် ဘောင်းဘီရှည်


ခဲပြာရောင် ဘောင်းဘီက အပေါ်အင်္ကျီအပြာရောင်နဲ့ လိုက်ဖက်ပါတယ်။ V Neck စတိုင်လေးက သင့်ကို ပိုလှစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..