ဆံပင်ပါးတဲ့မိန်းကလေးတွေအနေနဲ့ ပုံမှန်လုပ်ပေးသင့်တဲ့အရာ ၅ ခု
mystylemyanmar.com
|
2023-06-04

ဆံပင်ပါးတဲ့သူတွေက သူများထက်ပိုပြီးတော့ ဆံသားကို ဂရုစိုက်ပေးသင့်ပါတယ်။ ဆံပင်ပါးတဲ့အတွက် ကျွတ်ရင် ပြောင်တဲ့အဆင့်ကို ရောက်သွားမှာပါ။ ဒါကြောင့် ဒီလိုမဖြစ်ရလေအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆံပင်ပါးတဲ့မိန်းကလေးတွေ ပုံမှန်လုပ်ပေးသင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ခေါင်းလျှော်ရည်သေချာရွေးသုံးပါ


ခေါင်းလျှော်ရည်ကို ပြီးပြီးရောသုံးရင် ကိုယ့်ဆံသားနဲ့အဆင်မပြေတဲ့အခါ ကျွတ်တာတွေ၊ ဗောက်ထတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ကို သေချာရွေးသုံးဖို့က အရမ်းအရေးကြီးပါတယ်။

Conditioner or Hair Mask သုံးပါ


ခေါင်းလျှော်တဲ့အခါမှာ ခေါင်းလျှော်ရည်တစ်မျိုးထဲ မသုံးပါနဲ့။ ဆံသားပိုကောင်းလာဖို့၊ ဆံသားပျော့ပြောင်းပြီး ပျက်စီးနေတာတွေ သက်သာဖို့အတွက် Conditioner or Hair Mask သုံးပေးပါ။

Oil လိမ်းပါ


ဆံပင်ပါးတဲ့သူတွေက ဆံပင်အုံထူလာအောင်၊ ဆံပင်သန်လာအောင် ခေါင်းမလျှော်ခင်မှာ သံလွင်ဆီလိမ်းတာမျိုး လုပ်ပေးပါ။ ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း Hair Oil လိမ်းပေးပါ။ ပုံမှန်လည်း Hair Oil လေးတွေ လိမ်းပေးပါ။ Hair Oil မသုံးရင် ဆံသားဖွာပြီး ငြိတာရှုပ်တာတွေ ဖြစ်လာမယ်၊ ဆံပင်ပိုကျွတ်လာပါမယ်။

ဆံပင်ကိုတင်းကြပ်နေအောင်မစည်းပါနဲ့


ဆံပင်ကို တင်းကြပ်နေအောင် စည်းတာက ဆံပင်ကျွတ်စေပါတယ်။ တချို့ဆိုရင် ဆံပင်ကိုအမြဲတမ်း တင်းကြပ်နေအောင် စည်းထားလေ့ရှိပါတယ်။ ဒီလိုစည်းတာတွေက ဆံသားနာပြီး ဆံပင်ကျွတ်စေတဲ့အပြင် ကြာလာရင် ထိပ်ပြောင်တာတွေ ကွက်တာတွေ ဖြစ်လာပါလိမ့်မယ်။

ဆံပင်အဖျားတွေညှပ်ထုတ်ပါ


ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ထုတ်ပေးရင် ဆံပင်အရှည်မြန်ပြီး ဆံသားပျက်စီးမှုနှုန်းလည်း လျော့ကျစေပါတယ်။ ဆံပင်အဖျားတွေမညှပ်တဲ့အခါ ဆံပင်တွေက နှစ်ခွဖြစ်ပြီး ပျက်စီးနေမယ်၊ ဆံပင်အဖျားရှူးပြီး ပိုပါးသလို ဖြစ်လာပါမယ်။




Some text some message..