
                                                                                                ဂျင်းစကပ်အရှည်က အချိန်အခါ မရွေးဝတ်နိုင်ပြီး ပျိုမေအများစု သဘောကျတဲ့ အဝတ်အစားထဲမှာ ပါဝင်ပါတယ်။ အရှည်ဖြစ်တာကြောင့် ဒူးပေါ် မဝတ်ချင်တဲ့ ပျိုမေတို့ သဘောကျမယ့် စတိုင်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အရှည်ကိုမှ အကွဲပုံစံ ဂျင်းစကပ်ရှည်ကိုတော့ သင်က အတိုအပြတ် မကြိုက်ရင် သဘောကျမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဂျင်းစကပ်အရှည်က ဝတ်တတ်ရင် ဝတ်တတ်သလို သင့်ကို အထာကျစေပါလိမ့်မယ်။ ဒီတော့ အထာကျစေမယ့် ဂျင်းစကပ်ရှည် ဝတ်နည်းတွေကို ကြည့်လိုက်ရအောင်နော်-
                                                                                                ၁။ အပေါ် Tank Top ကို စကပ်ရှည် အထဲ ထည့်ဝတ်ပြီး အိတ်အနက်ရောင်လေးကို လွယ်နိုင်ပါတယ်။
                                                                                                

                                                                                                ၂။ ဂျင်းစကပ်ရှည်နဲ့ လိုက်ဖက်တဲ့ ဖိနပ်ပုံစံကတော့ အပိတ်ဖိနပ် စတိုင်ပါ။ အညိုလေးနဲ့လည်း ဂျင်းပြာ စကပ်ရှည်က လိုက်ဖက်ပါတယ်။
                                                                                                

                                                                                                ၃။ အပေါ် အင်္ကျီအရောင်နဲ့ ဖိနပ်အရောင်ကို ဆင်တူ ထားဝတ်ပြီး သင်က စတိုင်ကျကြောင်း ဖော်ပြနိုင်ပါတယ်။
                                                                                                

                                                                                                ၄။ အနက်ရောင် ဖက်ရှင်လို့ ပြောနိုင်မယ့် ဂျင်းစကပ်ရှည်နဲ့ တွဲထားတဲ့ စတိုင်ပါ။ အောက်ဘက် အနက်ရောင် ဘွတ်ဖိနပ်ရှည်က စကပ်ရှည်နဲ့ အလိုက်ဖက်ဆုံးလို့ ပြောနိုင်ပါတယ်။
                                                                                                

                                                                                                ၅။ လက်ရှည် အင်္ကျီအကပ်လေးတွေနဲ့ ဂျင်းစကပ်ရှည်က ကြည့်ကောင်းပါတယ်။
                                                                                                

                                                                                                ၆။ Oreo ရောင် စကပ်ရှည်က ပျိုမေတို့ကို ပိုထူးခြားကာ စတိုင်ကျစေမယ့် အရောင်ဖြစ်ပါတယ်။ ဒါနဲ့တူတဲ့ အင်္ကျီရောင်လေးကို ရွေးနိုင်ပါတယ်။
                                                                                                

                                                                                                ၇။ အပေါ် Crop နဲ့ ဂျင်းစကပ်ရှည်ကလည်း လိုက်ဖက်ပါတယ်။
                                                                                                

                                                                                                ၈။ ဂျင်းစကပ်ရှည် အပြာရောင်က အဖြူနဲ့ လိုက်ဖက်ပြီး အပြင်ထပ် အဖြူလေးနဲ့ဆိုရင် Business Fashion လေးတောင် ဖြစ်စေမှာပါ။
                                                                                                

                                                                                                ၉။ Vest အနက်အောက်က တီရှပ်အဖြူလေးကို ဝတ်ကာ အောက်ဘက်က ဂျင်းစကပ်ရှည်ကို ဝတ်နိုင်ပါတယ်။
                                                                                                

                                                                                                ၁၀။ သင့်မှာရှိတဲ့ ဂျင်းပြာက အရင့်ဆိုရင် အဝါလေးနဲ့ တွဲကြည့်သင့်ပါတယ်။
                                                                                                

                                                                                                ၁၁။ Turtleneck လက်ရှည်လေးကို အောက်ဘက် Sneaker လေးနဲ့ တွဲပြီး ဂျင်းစကပ်ရှည်ကတော့ အလှဆုံး ဖြည့်ဆည်းပေးပါလိမ့်မယ်။
                                                                                                
 
                                                                                                
                                                                                                ၁၂။ ကြိုးသိုင်း အင်္ကျီလေးနဲ့လည်း ဂျင်းစကပ်ရှည်ကို တွဲနိုင်ပါတယ်။
                                                                                                

                                                                                                Photo Source: Pinterest
                                                                                                By MyStyle Myanmar