ဆံပင်ဖြူလို့စိတ်ညစ်နေတဲ့သူတွေလုပ်ကြည့်သင့်တဲ့ သဘာဝနည်းလမ်း ၅ မျိုး
mystylemyanmar.com
|
2023-06-19

ဆံပင်ဖြူလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဆံပင်ဖြူတာ သက်သာစေမယ့် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ နည်းလမ်း ၅ မျိုးထဲကမှ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးလုပ်ရုံပဲဆိုတော့ လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

Green Tea


ဘာမှထွေထွေထူးထူး မလုပ်ချင်ဘူးဆိုရင် နေ့တိုင်း Green Tea သောက်ပေးပါ။ Green Tea သောက်ပေးခြင်းက ဆံပင်သန်စေပြီး ဆံပင်ဖြူတာတွေလည်း သက်သာစေပါတယ်။ ဆံပင်ဖြူတာတွေ မြန်မြန်မဖြူအောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။

Amla Oil


Amla Oil ကို ဆံသားမှာလိမ်းပေးရင် ဆံပင်သန်ပြီး ဆံသားနက်မှောင်စေတဲ့အတွက် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဆံပင်ဖြူတာတွေလည်း သက်သာစေပါတယ်။ ဆံပင်မဖြူသေးလည်း လိမ်းပေးမယ်ဆိုရင် ဆံပင်မြန်မြန်မဖြူအောင် ကြိုတင်ကာကွယ်ပြီးသား ဖြစ်တာပေါ့။ အနံ့ပြင်းလို့ အမြဲမလိမ်းချင်ရင် ခေါင်းမလျှော်ခင်ညမှ လိမ်းပေးပြီး တစ်ညထားပြီး ခေါင်းလျှော်ပါ။

Almond Oil


Almonds Oil ကို လိမ်းပေးပြီး လက်ချေင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးရင် ဆံပင်ဖြူတာ သက်သာစေပါတယ်။

အုန်းဆီနဲ့ Curry Leaves


Curry Leaves ကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး ရလာတဲ့အမှုန့်ကို အုန်းဆီနဲ့ရောမွှေပြီး ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပေးခြင်းက ဆံပင်ဖြူတာကိုသက်သာစေပြီး ဆံပင်မဖြူအောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။

Dark Chocolate


Chocolate တွေထဲမှာမှ Dark Chocolate ကိုစားပေးခြင်းက ဆံပင်ဖြူနေတာတွေ ပိုမများလာအောင်၊ ဆံပင်မြန်မြန်မဖြူအောင် ကြိုတင်ကာကွယ်ပေးပါတယ်။ Chocolate ကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပဲနော်။




Some text some message..