ရှုခင်းလှလှလေးနဲ့အတူ ကဗျာဆန်ဆန် ဓာတ်ပုံလေးရဖို့ ပို့စ်ပေးနည်းများ
mystylemyanmar.com
|
2023-07-07

ရှုခင်းလေးက လှလိုက်တာလို့ပြောတဲ့အချိန် “မင်းက ပိုလှတယ်” လို့ Pick Up Lines တွေ သင် ကြားခဲ့ဖူးလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ဆီမှာ အပြောခံရဖူးလား။ တကယ်ပဲ သင်ကိုယ်တိုင်က နောက်ခံ ရှုခင်းထက် ပိုလှနိုင်ပါတယ်။

ဓာတ်ပုံတစ်ပုံကို လှစေမယ့် အရာတွေထဲမှာ သင့်စတိုင်၊ အလှနဲ့အတူ နောက်ခံရှုခင်းက မဖြစ်မနေ အရေးကြီးစွာ ပါဝင်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ နောက်ခံ ရှုခင်းလှလှနဲ့အတူ သိမ်သိမ်မွေ့မွေ့ ကဗျာဆန်ဆန် ဖြစ်နေစေမယ့် မိန်းကလေးဆန်ဆန် ပို့စ်ပေးနည်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရှုခင်းကို ကြည့်ရင်း လက်ညိုးထိုးပြနေတဲ့ ပုံစံက ကြည့်ရှုသူကိုပါ သဘာဝ ရှုခင်းတွေကို ခံစားဖို့ သတိပေးနေသလိုပါပဲ။ ဒါ့အပြင် ဒီမိန်းကလေးက ဘယ်သူလဲဆိုပြီးပါ သိချင်စိတ် ဖြစ်စေပါလိမ့်မယ်။


၂။ ငြိမ်းချမ်းစွာ လမ်းလျှောက်နေတဲ့ ပုံစံလေးက သင့်ကို Peaceful Lady အဖြစ် မြင်ရစေပါတယ်။ နောက်ကနေ ဓာတ်ပုံရိုက်ခိုင်းပြီး သင်က လမ်းလျှောက်ရင်း ဆံပင်ကိုင်တော့မယ့် ပုံစံလေး လုပ်နိုင်ပါတယ်။


၃။ ကင်မရာကို ကိုင်ထားပြီး ဂါဝန်လေးဝတ်ကာ ပို့စ်ပေးမယ်ဆိုရင် သင်က Creative ဖြစ်ပြီး ဂန္တဝင်ဆန်တဲ့ မိန်းကလေး တစ်ယောက်ပါပဲ။


၄။ စက်ဘီးစီးနေတဲ့အချိန်


စက်ဘီးစီးရင်း ရှုခင်းလှလှလေးတွေ့တယ်ဆိုရင် ဒီလိုပုံစံလေး ဓာတ်ပုံရိုက်နိုင်ပါတယ်။

၅။ တိလေးကို တယုတယ ကိုင်ထားပြီး ကျီစယ်နေတဲ့ မိန်းကလေး တစ်ယောက်က နောက်ခံ ရှုခင်းလှလှလေးနုဲ့ဆိုရင် ကဗျာဆန်နေမှာ မလွဲမသွေပါပဲ။


၆။ နေဝင်ခါနီးအချိန် ရှုခင်းလှလှလေး ရှိတယ်ဆိုရင် ပုံထဲကအတိုင်း ရိုးရိုးလေး ဆံပင်ချကာ အလွယ်တကူ ပို့စ်ပေးနိုင်ပါတယ်။


၇။ အဝေးကနေ ရိုက်တာက သင်အပါအဝင် ရှုခင်းအကုန်လုံးကို မြင်ရစေပြီး အင်မတန်လှတဲ့ ပုံစံမျိုးပါ။


၈။ သင်က လမ်းလျှောက်နေတဲ့အချိန် နောက်က တစ်ယောက်ကို ဓာတ်ပုံအမြန် ရိုက်ခိုင်းနိုင်ပါတယ်။ ဒီပုံစံလေးက ကဗျာဆန်သလို ချစ်ဖို့ကောင်းပါတယ်။


၉။ နောက်ဘက် သက်တောင့်သက်သာမှီပြီး ရှုခင်းကို အာရုံစိုက်ကာ ခံစားနေတဲ့ ပုံစံလေးက သင့်ကို သဘာဝကျစေပါလိမ့်မယ်။


၁၀။ ဆံပင်လေးကို လက်နဲ့ စည်းပြီး ကိုင်ထားတာက သင့်ပုံစံကို Girly ဆန်စေပါတယ်။


Photo Source: Pinterest

By MyStyle Myanmar




Some text some message..