နှုတ်ခမ်းသားညိုမဲလာခြင်းရဲ့ အဓိကအကြောင်းအရင်း ၅ ခု
mystylemyanmar.com
|
2023-07-09

နှုတ်ခမ်းသားညိုမဲလာခြင်းရဲ့ အဓိကအကြောင်းအရင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ နှုတ်ခမ်းက ရောဂါတစ်ခုခုကြောင့်မဟုတ်ပဲနဲ့ ဒီတိုင်း ညိုမဲလာတာဆိုရင်တော့ ဒီအကြောင်းအရင်းတွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

နှုတ်ခမ်းအစိုဓာတ်မရှိခြင်း


နှုတ်ခမ်းသားကခြောက်ပြီး ကွဲနေတာကို ဒီတိုင်းထားမယ်ဆိုရင် ကြာလာတဲ့အခါမှာ နှုတ်ခမ်းသားက ညိုမဲလာပါလိမ့်မယ်။ ဒါကြောင့် နေ့တိုင်း နှုတ်ခမ်းအစိုဓာတ်ရှိအောင် Lip Mask သုံးပေးဖို့ လိုပါတယ်။

Dead Cells တွေမဖယ်ရှားခြင်း


Dead Cells တွေကို ဖယ်ရှားဖို့အတွက် Lip Scrub လုပ်ပေးဖို့ လိုပါတယ်။ နှုတ်ခမ်းမှာ Dead Skin Cells တွေများနေရင် နှုတ်ခမ်းက ညိုမဲလာတာပါပဲ။ နှုတ်ခမ်းလည်း ပိုခြောက်သွေ့စေပါတယ်။

Quality မကောင်းတဲ့ နှုတ်ခမ်းနီဆိုးခြင်း


Quality မကောင်းတဲ့ နှုတ်ခမ်းနီတွေဆိုးတဲ့အခါမှာ နှုတ်ခမ်းသားပျက်စီးပြီးတော့ ညိုမဲလာတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ်သုံးမယ့် နှုတ်ခမ်းနီကို မဝယ်ခင်မှာ သေချာရွေးချယ်ဖို့ လိုပါတယ်။

နေလောင်တာများခြင်း


မျက်နှာနဲ့ခန္ဓာကိုယ်က နေလောင်ရင် အသားမဲတာ၊ အသားအရေပျက်စီးတာတွေ ဖြစ်သလိုမျိုးပဲ နှုတ်ခမ်းကလည်း နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာတွေ များလာရင် နှုတ်ခမ်းသားပျက်စီးပြီး ညိုမဲလာစေပါတယ်။ ဒါကြောင့် နေပူထဲ အမြဲသွားလာနေရတဲ့သူဆိုရင် SPF30 လောက်ပါတဲ့ နှုတ်ခမ်းနီ Lip Balm တွေ သုံးပေးသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း


ဆေးလိပ်ပုံမှန်သောက်နေတဲ့သူက နှုတ်ခမ်းသား တစ်ဖြေးဖြေးနဲ့ ညိုမဲလာပါတယ်။ ဒါကြောင့် နှုတ်ခမ်းညိုမဲတာမျိုး မဖြစ်ချင်ရင်တော့ ဆေးလိပ်သောက်တာကို ရှောင်သင့်ပါတယ်။




Some text some message..