2023 မှာ ပြန်ခေတ်စားလာတဲ့ Y2K ဖက်ရှင်ကို ဘယ်လိုဝတ်မလဲ ?
mystylemyanmar.com
|
2023-08-05

အခုဆိုရင် Y2K ဝတ်စားဆင်ယင်မှုက ခေတ်ရေစီးကြောင်းကို တဖန်ပြန်ရောက်လာပြန်ပီနော်။ Y2K ဖက်ရှင်ကို ပြန်လည်ဆန်းသစ်ထားတဲ့ ပုံစံတွေကို အခုဆို လမ်းပေါ်မှာ ၊ ဂီတပွဲတွေ ၊ ဖက်ရှင်ရက်သတ္တပတ်အစီအစဉ်တွေမှာ ပြန်ပြီး မြင်တွေ့နေရပါတယ်။ ဒါကြောင့် Y2K ဖက်ရှင်ကိုသဘောကျတဲ့ပျိုမေတွေ  Y2K စတိုင်နဲ့ ဆွဲဆောင်မှုရှိရှိ မိုက်နေဖို့ဆိုရင် Y2K Aesthetic ရဲ့ အဓိကအစိတ်အပိုင်းတွေ ရှိဖို့လိုပါတယ်။

Baby Tees


ချစ်စရာကောင်းတဲ့ဇာတ်ကောင် ဒါမှမဟုတ် Fiorucci ၊ Juicy Couture တို့လို အထင်ကရ Y2K တံဆိပ်ပါတဲ့ Baby Tees ကို ဂျင်းဘောင်းဘီ ဒါမှမဟုတ် ဘာဂျာစကပ် အတိုကားကားလေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။

Shiny Materials


2K ဖက်ရှင်မှာ ချန်ထားလို့မရတာက Shiny Materials တွေပါ။ ငွေရောင် သို့မဟုတ် ပုလဲရောင်လို တောက်တဲ့ အင်္ကျီ သို့မဟုတ် ဘောင်းဘီတစ်ထည်ကို ဝတ်ဖို့မမေ့ပါနဲ့။

Baguette အိတ်


လက်မောင်းအောက်မှာ ကပ်နေတဲ့ Baguette အိတ်တွေက Y2K ဖက်ရှင်ရဲ့ သင်္ကေတပါပဲ။

ရောင်စုံစကတ်


Y2K ဖက်ရှင်အတွက်ဆို 2000 ခုနှစ်အစောပိုင်းမှာ ခေတ်စားခဲ့တဲ့ ရောင်စုံစကတ်တွေကိုလည်း မေ့ထားလို့မရပါဘူး။

Tie Front Tops


တစ်ကျော့ပြန်ဝင်လာတဲ့ 2000 ခုနှစ်ဖက်ရှင်ရေစီးကြောင်းတွေထဲကတစ်ခုက ရှေ့ထိပ်ကြိုးချည်တဲ့ Tie Front Tops တွေပါ။ ဒါက သင်ထပ်ခါထပ်ခါဝတ်လို့ရတဲ့ စတိုင်ဖြစ်ပြီး ဖက်ရှင်က ဘယ်တော့မှ ရိုးမသွားပါဘူး။

Double Denim


Double Denim တွေကို ရောင်စုံနေကာမျက်မှန်၊ baguette အိတ် ၊ အမိုက်စား ဒေါက်ဖိနပ်နဲ့တွဲဝတ်တာက Y2K Aesthetic ပုံစံပါပဲ။




Some text some message..