အသားအရေကို Hydration သေချာပေးနိုင်တဲ့ အကောင်းဆုံးကိုရီးယား Moisturizer များ
mystylemyanmar.com
|
2023-08-29

Skincare ဆိုရင် ကိုရီးယားကို ပိုကြိုက်တဲ့သူတွေအတွက် အသားအရေကို Hydration သေချာပေးနိုင်တဲ့ အကောင်းဆုံးကိုရီးယား Moisturizer တွေကို မျှဝေပေးလိုက်ပါတယ်။

Torriden Dive-In Low-Molecular Hyaluronic Acid Soothing Cream


Best Oil-Free Formula အဖြစ်နဲ့ သတ်မှတ်ခြင်းခံထားရတာဖြစ်လို့ Oily Skin နဲ့ Combination Skin တွေအတွက် အထူးသင့်တော်ပါတယ်။ လိမ်းရတာ Lightweight ဖြစ်ပြီး အသားအရေကို Hydration ကောင်းကောင်းပေးနိုင်ပါတယ်။ Hyaluronic Acid အဓိကပါတာဖြစ်လို့ အသားအရေကြည်လင်ပြီး အသားချောမွေ့စေပါတယ်။

Round Lab Birch Moisturizing Cream


အသားအရေကိုအတွင်းပိုင်းအထိ Hydration ပေးနိုင်ပြီး Skin Barrier ပိုကောင်းလာစေပါတယ်။ အသားအရေကြည်လင်ပြီး Glow လာစေဖို့အတွက် အရမ်းကောင်းပါတယ်။ သူက All Skin Type နဲ့ အဆင်ပြေပါတယ်။

Sulwhasoo Concentrated Ginseng Renewing Cream


Mature Skin တွေအတွက် အကောင်းဆုံး Moisturizer ဖြစ်ပါတယ်။ ဆုတွေလည်း အများကြီးရထားတဲ့ Moisturizer ဖြစ်ပြီး အသားအရေကို Hydration ကောင်းကောင်းပေးနိုင်ရုံသာမကပဲ အသားအရေတင်းရင်းစေတယ်၊ အရေးအကြောင်းတွေလည်း သက်သာစေပါတယ်။

Beyond Angel Aqua Moisture Cream


Allure Korea Best of Beauty-Winning Gel Cream အဖြစ်နဲ့ သတ်မှတ်ထားတဲ့ Moisturizer ဖြစ်ပါတယ်။ Water-based, Oil-free Formula ဖြစ်တဲ့အတွက် လိမ်းရတာ Lightweight ဖြစ်ပြီး အသားထဲစိမ့်ဝင်လာလည်း မြန်ပါတယ်။ အသားအရေကိုလည်း Hydration ကောင်းကောင်းပေးနိုင်ပြီး အသားအရေ ကြည်လင်လာစေပါတယ်။

Cosrx Advanced Snail 92 All In One Cream


Snail နဲ့ မတည့်တဲ့ အသားအရေကလွဲလို့ ကျန်တဲ့အသားအရေ အားလုံးနဲ့အဆင်ပြေတဲ့ Moisturizer ဖြစ်ပါတယ်။ အသားအရေအတွက် Hydration သေချာပေးနိုင်ပြီး အသားအရေ ချောမွေ့ပြီး ကြည်လင်လာစေပါတယ်။ Acne-prone Skin, Combination Skin တွေနဲ့ အထူးသင့်တော်ပါတယ်။




Some text some message..