ကြက်ဥအကာနဲ့ သံပရိုသီးဟာ မျက်နှာပေါ်ကအရေးအကြောင်းတွေသက်သာပျောက်ကင်းစေ
popolay.com
|
2019-01-03

အမျိုးသမီးတွေဟာအသက် ၃၀ မပြည့်မီနဲ့အသက် ၃၀ ကျော်နောက်ပိုင်းမှာ မျက်နှာ (သို့) ခန္ဓာကိုယ်မှာရှိတဲ့အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ မျက်နှာမှာဆိုရင်တော့အများအားဖြင့် နဖူးပေါ်မှာပေါ်လေ့ရှိပါတယ်။အသက် ၄၀ ကျော် ၅၀ မှသာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းမှာရှိတဲ့အရေပြားတွေတွန့်လာကြတာပါ။ တချို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့အရေးအကြောင်းတွေပေါ်ပြီးအရေပြားတွေတွန့်လာတတ်တဲ့အခါ သူများထက်ပိုအသက်ကြီးတယ်လို့အထင်ခံကြရပါတယ်။အသက်ကြီးတယ်လို့အထင်မခံရအောင် ဒီလိုအရေပြားတွေမတွန့်အောင် ထိန်းသိမ်းလို့ရမယ့် သဘာဝနည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။









ကြက်ဥအကာ










ကြက်ဥတစ်လုံးကို ခွဲပြီးအနှစ်သက်သက်အကာသက်သက်ဖယ်လိုက်ပါ။ ကြက်ဥအကာလို့ ခေါ်တဲ့အရည်ကြည်တွေကိုအရေးအကြောင်းတွေပေါ် တတ်တဲ့ မျက်နှာနဲ့ လည်ပင်းနားတစ်ဝိုက်အနှံ့လိမ်းပေးပါ။ လိမ်းပြီး မိနစ် ၂၀ တိတိကြာမှရေနဲ့ ဆေးချရမှာဖြစ်ပါတယ်။အကယ်၍ သင့်အသားအရေဟာ ခြောက်သွေ့တတ်တဲ့အမျိုးအစားဖြစ်တယ်ဆိုရင် ကြက်ဥအကာကို ဒိန်ချဉ်အနည်းငယ်ရောပြီးအထက်ပါ နည်းလမ်းအတိုင်းအသုံးပြုနိုင်ပါတယ်။ ဒိန်ချဉ်ဟာအသားအရေကို ကြည်လင်စေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။


သံပရိုသီး (သို့) ရှောက်သံပုရာ










အသားအရေကို တင်းရင်းစေဖို့ ကြက်ဥအကာက နံတယ် ကြက်ဥကိုအသုံးမပြုချင်ဘူးဆိုရင် သဘာဝအသီးထဲကတစ်ခုဖြစ်တဲ့ သံပရိုသီးကိုအသုံးပြုနိုင်ပါတယ်။ သံပရိုသီးကို ပန်းကန်လုံးထဲမှာအရည်ကုန်အောင်ညစ်ပြီး သင့်ရဲ့ မျက်နှာနဲ့ လည်ပင်းအနှံ့သုတ်လိမ်းပေးခြင်းအားဖြင့်အရေးအကြောင်းတွေဖြစ်ပေါ်လာခြင်းကိုကာကွယ်တားဆီးပေးပါလိမ့်မယ်။

အထက်ဖော်ပြပါ နည်းလမ်းတွေကိုအသက်အရွယ်ကြီးလို့အရေးအကြောင်းပေါ်မှအသုံးပြုတာထက် ငယ်စဉ်ကတည်းကအရေးအကြောင်းတွေမပေါ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ နေ့စဉ်ပြုလုပ်ထားတာကပိုကောင်းပါလိမ့်မယ်။အားလုံးပဲအသက်ကြီးလာတဲ့အခါ ငယ်ရွယ်နုပျိုတဲ့အလှတရားတွေကိုပိုင်ဆိုင်နိုင်အောင် ခုကတည်းကအသားအရေကို ဂရုတစိုက် ထိန်းသိမ်းလိုက်ကြပါစို့။




Some text some message..