လူငယ်မိန်းကလေးတွေနဲ့ သင့်တော်ပြီးတော့ ခေတ်စားနေတဲ့ တက်တူးဒီဇိုင်းများ
mystylemyanmar.com
|
2023-08-31

တက်တူးတွေဟာ ခေတ်ပေါ်လူငယ်ယဉ်ကျေးမှု ပုံစံတစ်ခုဖြစ်ပြီး တက်တူးကိုလည်း ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကိုယ်ခန္ဓာမှာ သေရာပါအောင် ရေးထိုးလာခဲ့တာပါ။

တက်တူးတစ်ခုဟာ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်နဲ့ ဘဝဖြတ်သန်းချက်တွေကို ကိုယ်စားပြုသလို ကိုယ့်ရပ်တည်ချက်ကို ပုံဖော်ပေးပါတယ်။

ဒီနှစ်မှာတော့ တက်တူးရေစီးကြောင်းဟာ ပိုပြီး ဆန်းသစ်လာပြီ ဖြစ်လို့ ခေတ်စားနေတဲ့ တက်တူးဒီဇိုင်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) တစ်ကြောင်းခြစ် တက်တူး


အရိုးရှင်းဆုံးနဲ့ အသပ်ရပ်ဆုံး တစ်ကြောင်းခြစ် တက်တူးလေးတွေကလည်း Trend ဖြစ်လာပါတယ်။ များသောအားဖြင့် လူမျက်နှာပုံ ၊ ခန္ဓာကိုယ်နဲ့ ပန်းပွင့်ပုံလေးတွေကို တစ်ကြောင်းခြစ်ဒီဇိုင်းနဲ့ ဆွဲတာကို လူပိုကြိုက်ကြပါတယ်။

(၂) စိတ်ခွန်အား ဖြစ်စေမယ့် တက်တူး


ကိုယ့်ဘဝကို ပြောင်းလဲစေခဲ့တဲ့ စကားလုံးတွေ စကားပုံတွေကို ခန္ဓာကိုယ်မှာ ထွင်းထားတာပါ။ စိတ်ဓါတ်တွေ လဲပြိုကျဆင်းနေချိန်မှာ ကိုယ့်ကိုယ်ပေါ်က တက်တူးကို ပြန်ကြည့်ပြီး အားမွေးနိုင်မှာ ဖြစ်ပါတယ်။

(၃) Red Ink တက်တူး


အနီရောင် မှင်သားနဲ့ ဆွဲတဲ့ တက်တူးတွေကလည်း အခုနောက်ပိုင်း လူကြိုက်များလာတဲ့ တက်တူးပုံစံထဲမှာ ပါပါတယ်။ သူကတော့ စာကြောင်းအပြင် ပန်းခက် ပန်းပုံတွေလည်း ဒီဇိုင်းဆွဲထားပါတယ်။

(၄) Mountain တက်တူး


သဘာဝကို ချစ်သူတွေကတော့ ကိုယ့်ခန္ဓာကိုယ်မှာ တောင်တစ်လုံးကို တက်တူးထိုးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ တောတန်း ၊ တောင်ကုန်းနဲ့ သစ်ပင်တစ်ချို့ပါတဲ့ Mountain တက်တူးကလည်း Try ချင်စရာ တက်တူးပုံစံသစ်ထဲမှာ ပါဝင်ပါတယ်။

(၅) Side Boob တက်တူး


အမျိုးသမီးတက်တူးဝါသနာအိုးတွေ စိတ်ဝင်စားလာတဲ့ ပုံစံသစ်ပါ။ ရင်သားနားတစ်ဝိုက်မှာ တက်တူး ရှင်းရှင်းလေးတွေ ရေးထိုးတာဖြစ်ပါတယ်။

(၆) X-Ray တက်တူး


ပန်းပွင့်လို အလှအပတွေထက် အပြင်းစား ခပ်ကြမ်းကြမ်း Rock စတိုင် တက်တိုင်းတွေ ကြိုက်ရင် X-Ray တက်တူးတွေကိုလည်း စမ်းကြည့်သင့်ပါတယ်။

(၇) 3D တက်တူး


ရုပ်ကြွ 3D သုံးဖက်မြင်တက်တူးတွေကို ထိုးဖို့ တောင်းဆိုမှုကလည်း မြင့်တက်နေပါတယ်။ 3D တက်တူးဟာ နည်းနည်း ရှုပ်ထွေးပေမယ့် ဆွဲဆောင်မှု ပိုကောင်းပါတယ်။




Some text some message..