သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်ချင်စိတ်ပြန်ရဖို့ ဒီလိုအရာတွေနဲ့ လှည့်စားကြည့်ပါ
mystylemyanmar.com
|
2023-09-17

အားလုံးပဲ မင်္ဂလာပါနော်။ ကိုယ်ကအကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးဖြစ်ဘူးဆိုရင် တဖြည်းဖြည်းနဲ့ လုပ်ဖို့ စိတ်မပါတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ Motivation ကောင်းကောင်းပြန်ရဖို့ စိတ်အပြောင်းအလဲလုပ်လို့ရတဲ့ နည်းလမ်းတွေကို စမ်းကြည့်တာအကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ သင့်အတွက် လေ့ကျင့်ခန်းလုပ်ချင်စိတ်ရှိလာဖို့ ပံ့ပိုးပေးမယ့်နည်းလမ်းတွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။ Gym Trainer တွေကိုယ်တိုင်ညွှန်းထားတဲ့ နည်းလမ်းတွေဖြစ်လို့ ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်နော်။

ဖြစ်နိုင်ချေရှိတဲ့ Goal လေးတွေပြုလုပ်ထားပါ



လေ့ကျင့်ခန်းလုပ်တဲ့အခါ အချိန်တိုအတွင်းဝိတ်ကျဖို့ဆိုတာထက် ဖြစ်နိုင်ချေရှိပြီး လက်တွေ့ကျတဲ့ Goal အသေးလေးတွေသတ်မှတ်ထားတာက သင့်ကိုတကယ်တမ်း လေ့ကျင့်ခန်းစလုပ်ဖြစ်ဖို့ တွန်းအားဖြစ်စေမှာပါ။ ကိုယ်လုပ်ထားတဲ့ Goal အပေါ် အာရုံစိုက်ထားဖို့လည်း မမေ့ပါနဲ့။

မနက်စောစောလေ့ကျင့်ခန်းလုပ်ကြည့်ပါ



မနက်စောစော လေ့ကျင့်ခန်းလုပ်တာက အခြားအချိန်တွေထက် ပုံမှန်လုပ်ဖြစ်ဖို့ ပိုလွယ်တယ်လို့ တော်တော်များများက သတ်မှတ်ကြပါတယ်။ မနက်လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အခါ တစ်နေ့တာ အလုပ်တွေကြောင့် လေ့ကျင့်ခန်းအတွက် ထပ်အချိန်မပေးနိုင်မှာလည်း မပူရတော့ပါဘူး။ ဒါ့အပြင် မနက်ပိုင်းမှာထဲက လှုပ်လှုပ်ရှားရှားနေလိုက်တာက သင့်ကို စိတ်လည်းကြည်ပြီး ကိုယ်လက်ပေါ့ပါးနေစေမှာပါ။

အကျင့်လုပ်ထားပါ



လေ့ကျင်ခန်းလုပ်တာအကျင့်ရဖို့ဆိုရင် ကိုယ့်ရဲ့စားချိန်၊ အလုပ်လုပ်ချိန်တွေကိုပါ အချိန်မှန်အောင် သတ်မှတ်ထားတာ မမှားပါဘူးနော်။ ဒီလိုသူ့အချိန်နဲ့သူသတ်မှတ်ပြီး အကျင့်လုပ်လိုက်တာက သင့်ကိုကျန်းမာတဲ့ Lifestyle တစ်ခုရစေဖို့ပါ ပံ့ပိုးပေးပါလိမ့်မယ်။

Workout လုပ်ဖို့ သက်တောင့်သက်သာရှိတဲ့ အားကစားဝတ်စုံဝယ်လိုက်ပါ



လေ့ကျင့်ခန်းအတွက်သင့်တော်တဲ့ အားကစားဝတ်စုံဝယ်ထားလိုက်တာက သင့်ကိုပိုပြီး လေ့ကျင့်ခန်းလုပ်ဖို့ စိတ်အားထက်သန်စေမှာပါနော်။ Gym သွားဖို့ အချိန်မရှိရင်တောင် ဒီလိုအဝတ်အစားတွေရှိထားတဲ့အခါ အိမ်မှာလေ့ကျင့်ခန်းလုပ်လို့လည်း ပိုလွယ်ကူပြီး သက်တောင့်သက်သာရှိစေမှာပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ နားထောင်ဖို့ သီချင်း Playlist တစ်ခုလုပ်လိုက်ပါ



သီချင်းနားထောင်တာက သင့်ရဲ့Mood ကိုပြောင်းလဲနိုင်တာမို့ လေ့ကျင့်ခန်းလုပ်တိုင်း မပျင်းရအောင် သီချင်းမြူးမြူးလေးတွေ ဖွင့်ထားပေးပါနော်။ ကြားလိုက်တာနဲ့ ထက ချင်စိတ်ပေါက်စေမယ့် သီချင်းလေးတွေကို တစ်နေရာထဲမှာ Playlist ပုံစံစုထားပြီး လေ့ကျင့်ခန်းလုပ်ချိန်တိုင်း နားထောင်ပေးမယ်ဆိုရင် သင့်ကို ပုံမှန်ထက် တက်ကြွပြီး အမောလည်းပိုခံနိုင်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..