လှတဲ့ခြေထောက်လေးပိုင်ဆိုင်နိုင်ဖို့ လျစ်လျူမရှုသင့်တဲ့အချက် ( ၇ ) ချက်
mystylemyanmar.com
|
2023-09-17

ဘောင်းဘိုတိုလေးတွေ ၊ စကပ်တိုလေးတွေဝတ်ခဲ့အခါ ယုံကြည်ချက်ရှိနေဖို့ ၊ ခြေထောက်လေးတွေ လှနေဖို့အတွက်ဆို ဒီအချက်တွေကို လျစ်လျူမရှုသင့်ပါဘူး။

ခြောက်နေတုန်း Shaving မလုပ်ပါနဲ့


Shaving လုပ်မယ်ဆို ခြေထောက်ကို ရေ ဒါမှမဟုတ် Cream တခုခုလိမ်းပြီးမှ Shaving လုပ်ပါ။ မဟုတ်ရင် အရေပြားယားတာ ၊ မွှေးညင်းပေါက်ကျယ်တာ ၊ Ingrown Hairs နဲ့ အရေပြားပေါ်မှာ အနီစက် အမဲစက်တွေ ဖြစ်လာနိုင်ပါတယ်။

အရင်ဆေးပါ


ချွေးပေါက်တွေကို ပိတ်နေတဲ့ အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ Shaving မလုပ်ခင် ခြေထောက်ကို အရင်ဆေးဖို့ မမေ့ပါနဲ့။ ရေချိုးပြီးရင် အသားအရေကို အစိုဓာတ်ထိန်းပေးမယ့် Shaving Mousse ကို လိမ်းပေးပါ။

သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေကိုစီးပါ


ကြပ်လွန်းတဲ့ ရှူးဖိနပ်တွေ အထူးသဖြင့် ရှေ့ပိုင်းကျဉ်းတဲ့ ဖိနပ်တွေဟာ စီးတာကြာလာရင် ဖိနပ်ပေါက်တာ အသားလန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စီးရတာသက်တောင့်သက်ဖြစ်စေမယ့် ရှေ့ပိုင်းကျယ်ပြီး အပြားကြီးတဲ့ဖိနပ်တွေကို ရွေးချယ်ပါ။

ဒူးကိုမမေ့ပါနဲ့


ဒူးမဲတာ အသားမညီတာတွေကိုသက်သာစေဖို့ သဘာဝပစ္စည်းတွေကိုလည်း သုံးလို့ရပါတယ်။ ဆဲလ်သေတွေကိုသတ်ပြီး အသားအရေကို ချောမွေ့စေဖို့ ဥပမာ- ရှားစောင်းလက်ပတ်ဖျော်ရည်နဲ့ နနွင်းမှုန့်တို့က အသားအရေအရောင်ကို ညီညာစေပြီး ဒူးညိုတာကို သက်သာစေပါတယ်။

Epilator ကို မှန်အောင်ကိုင်ပါ


အမွှေးအမျှင်တွေကိုဖယ်ရှားဖို့ Epilator ကို သုံးတဲ့အခါ 90 ဒီဂရီ ထောင့်နဲ့ အရေပြားပေါ် ဖြည်းဖြည်းချင်း ဖိထားပါ။

Waxing လုပ်ပြီး Synthetic အဝတ်အစားတွေမဝတ်ပါနဲ့


Synthetic fabrics တွေက အရေပြားကို ထိခိုက်စေနိုင်တာမလို့ Waxing လုပ်ပြီး ပထမဆုံးရက်အတွင်းမှာ ချည် ဒါမှမဟုတ် တခြားသဘာဝပစ္စည်းတွေကို ရွေးချယ်ဝတ်သင့်ပါတယ်။

ချည်သားခြေအိတ်မဝတ်ပါနဲ့


ချွေးအရမ်းထွက်တဲ့သူတွေဟာ ချည်ခြေအိတ်တွေ မ၀တ်သင့်ပါဘူး။ ချည်ခြေအိတ်တွေက အစိုဓာတ်ကို စုပ်ယူပြီး အငွေ့မပျံနိုင်တာမလို့ တစ်နေကုန်ဝတ်ထားရင် အနံ့ဆိုးတွေ ထွက်ကုန်ပါလိမ့်မယ်။ ဒါကြောင့် Polyester ပါတဲ့ ခြေအိတ်တွေကို ရွေးသင့်ပါတယ်။




Some text some message..