Shampoo ဆို အနံ့ကောင်းတာမှသုံးချင်တဲ့သူတွေအတွက် အနံ့အကောင်းဆုံး Shampoo များ
mystylemyanmar.com
|
2023-09-21

Shampoo ဆိုရင် အနံ့ကောင်းတာမှသုံးချင်ပြီး အနံ့ဆွဲနေတာမျိုး၊ ဆံပင်အနံ့မွှေးနေတာမျိုး လိုချင်တဲ့သူတွေအတွက် အနံ့အကောင်းဆုံးအဖြစ်နဲ့ ဖော်ပြခြင်းခံထားရတဲ့ Shampoo တွေကို မျှဝေပေးလိုက်ပါတယ်။

Curls Blueberry Bliss Reparative Hair Wash


ကောက်ထားတဲ့ဆံသားအတွက် အထူးသင့်တော်ပြီး အနံ့လည်း အရမ်းကောင်းတဲ့ Shampoo ဖြစ်ပါတယ်။ သူ့အနံ့က Blueberry အနံ့လေးဖြစ်ပြီး ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ရစေတယ်၊ ဆံသားသန်စွမ်းစေပါတယ်။ Sulfate Free, Cruelty Free လည်းဖြစ်ပါတယ်။

Ouai Detox Shampoo


Jasmine, Peony, Rose, White Musk, Champagne စတာတွေပေါင်းစပ်ထားတဲ့ Floral အနံ့လေး ဖြစ်ပါတယ်။ အနံ့အရမ်းကောင်းပြီး ဆံသားနဲ့ ဦးရေပြားက အညစ်အကြေးတွေကိုလည်း သေချာပြောင်အောင် သန့်စင်ပေးနိုင်ပါတယ်။ သူလည်း Sulfate Free, Cruelty Free ဖြစ်ပါတယ်။

Maui Moisture Heal & Hydrate + Shea Butter Shampoo


Shea Butter နဲ့ Melon ပေါင်းထားတဲ့ အနံ့လေးဖြစ်ပြီး အနံ့အရမ်းကောင်းပါတယ်။ ဆံသားအတွက် Moisturizing အပြည့်အဝပေးပြီး ဆံသားပျက်စီးနေတာတွေလည်း သက်သာစေပါတယ်။ ဈေးသင့်တင့်တဲ့ Drugstore Brand ဖြစ်ပြီး သူလည်း Sulfate Free, Cruelty Free ပါပဲ။

Pantene Advanced Care 5 in 1 Pro-Vitamin B5 Complex Shampoo


Budget ဖြစ်ပြီး အနံ့အရမ်းကောင်းတဲ့ Shampoo ဖြစ်ပါတယ်။ Light Floral အနံ့လေးဖြစ်ပြီး ဆံသားကို Moisturizing ပေးနိုင်တယ်၊ ဆံသားသန်စွမ်းပြီး အရှည်မြန်စေပါတယ်။ Sulfate Free မဟုတ်ပေမယ့် Cruelty Free ဖြစ်ပါတယ်။

Phillip Adam Orange Vanilla Shampoo


Vanilla နဲ့ Orange ရောထားတဲ့ အနံ့လေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းပြီး Fresh လည်းဖြစ်စေပါတယ်။ အနံ့အရမ်းကောင်းပြီး ဆံပင်မှာဆွဲနေမှာပါ။ ဆံသားခြောက်သွေ့ပြီး ပျက်စီးနေတာတွေကို သက်သာစေပါတယ်။ သူကတော့ Sulfate Free, Cruelty Free ဖြစ်ပါတယ်။




Some text some message..