Brown Eyes ကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေနဲ့အလိုက်ဖက်ဆုံး နှုတ်ခမ်းနီအရောင် ၅ မျိုး
mystylemyanmar.com
|
2023-09-27

မြန်မာလူမျိုးတွေရဲ့ မျက်လုံးအရောင်က များသောအားဖြင့် မဲနက်နေတာမျိုးလည်းရှိသလို၊ အမဲမကျအညိုမကျဖြစ်နေတဲ့ အရောင်လေးတွေလည်း ရှိပါတယ်။ အဲ့ထဲမှာမှ တချို့ကျတော့ လုံးဝကိုအညိုသီးသန့်ဖြစ်တဲ့ အညိုရောင် Brown Eyes လေးတွေကို ပိုင်ဆိုင်ထားတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Brown Eyes ကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် နှုတ်ခမ်းနီအရောင် ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

1. Berry or Plum


အထူးသဖြင့် Berry အရောင် နှုတ်ခမ်းနီက Brown Eyes တွေနဲ့ အလိုက်ဖက်ဆုံးအဖြစ်နဲ့ ဖော်ပြထားပါတယ်။ ညှို့အားပြင်းပြီး ဆွဲဆောင်မှုရှိစေတဲ့ Look မျိုးရစေပါတယ်။

2. Deep Ruby Red


Deep Ruby Red နှုတ်ခမ်းနီအရောင်ကျတော့ တောက်ပပြီး ထင်းနေစေတဲ့ Look မျိုး၊ ထက်မြက်ပြီး ဆွဲဆောင်မှုရှိစေတဲ့ Look မျိုးရစေပါတယ်။ Brown Eyes တွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

3. Coral


Brown Eyes လေးတွေနဲ့ နောက်ထပ်လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ကတော့ Coral အရောင်လေးပဲဖြစ်ပါတယ်။ ဒီအရောင်က အသားဆောင်ပြီး အရမ်းလှပါတယ်။ တည်ငြိမ်တဲ့အရောင်လေးဆိုးချင်တယ်၊ နေ့တိုင်းဆိုးဖို့အတွက် သုံးချင်တယ်ဆိုရင် ဒီအရောင်ကိုသာ ရွေးချယ်ပါ။ Brown Eyes တွေနဲ့ အရမ်းလိုက်ပါတယ်။

4. Soft pink or Dusty Rose


Brown Eyes ကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေအနေနဲ့ No Makeup Look လေးတွေပြင်တဲ့အခါမှာတော့ Soft pink or Dusty Rose နှုတ်ခမ်းနီအရောင်တွေကို ရွေးဆိုးပါ။ လူငယ်ဆန်ပြီး ငြိမ်တဲ့ Look လေးနဲ့ အရမ်းလှပါတယ်။

5. Nude


Everyday Look အတွက်ဆိုရင်တော့ Nude အရောင် နှုတ်ခမ်းနီက အဆင်အပြေဆုံးပါပဲ။ မျက်လုံးအရောင် Brown Eyes တွေနဲ့လည်း ကွက်တိဖြစ်ပြီး အရမ်းလှပါတယ်။ Natural Look လေးတွေ ပြင်ဆင်တဲ့အခါမှာလည်း အလိုက်ဖက်ဆုံးပါပဲ။




Some text some message..