Amazon မှာ Best-Seller ဖြစ်နေတဲ့ $30 အောက် Eye Cream များ
mystylemyanmar.com
|
2023-10-03

Skincare တွေလုပ်နေပြီး Eye Cream တော့မသုံးဘူးဆိုရင် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာမှာပါ။ ဒါကြောင့် Eye Cream ကောင်းကောင်းလေးတစ်ခုတော့ ပုံမှန်သုံးပေးသင့်ပါတယ်။ ဘာသုံးရမှန်းမသိတဲ့သူတွေအတွက် လတ်တလော Amazon မှာ Best-Seller ဖြစ်နေတဲ့ Eye Cream တွေထဲကမှ ဈေးသင့်တင့်တဲ့ $30 အောက် Eye Cream တွေကို ဖော်ပြပေးလိုက်ပါတယ်။

Cerave Eye Repair Cream


Hyaluronic Acid, Niacinamide, Ceramides ပါဝင်တဲ့အတွက် မျက်လုံးနားတစ်ဝိုက် အသားအရေကို အစိုဓာတ်ပေးပြီး Bright ဖြစ်လာစေတယ်၊ အသားအရေချောမွေ့လာစေတယ်၊ မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာတွေ သက်သာစေပါတယ်။ Ophthalmologist-tested ဖြစ်ပြီး လိမ်းလိုက်ရင် စေးကပ်တာမျိုး မဖြစ်စေတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

RoC Retinol Correxion Under-Eye Cream


မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာနဲ့ မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေပါ သက်သာစေတဲ့ Eye Cream ဖြစ်ပါတယ်။ မျက်လုံးနားတစ်ဝိုက် အသားအရေခြောက်သွေ့တာကို သက်သာစေပြီး အသားအရေစိုပြည်လာစေပါတယ်။

Neutrogena Rapid Wrinkle Repair Retinol Eye Cream


Retinol Eye Cream ဖြစ်တဲ့အတွက် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်း များနေတဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်။ အသက် ၂၅ ကျော်မှသုံးတာ ပိုကောင်းပါတယ်။ မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေ သက်သာစေပြီး Skin Brightening ဖြစ်လာတဲ့အတွက် မျက်ကွင်းညိုနေတာကိုလည်း သက်သာသွားစေပါတယ်။

Peter Thomas Roth Instant FirmX Temporary Eye Tightener


ဒီ Eye Cream ကတော့ Anti-Aging အတွက် အရမ်းကောင်းပါတယ်။ အသက် ၂၅ ကျော်လာတဲ့အခါ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာတဲ့သူတွေနဲ့ သက်ကြီးပိုင်းတွေသုံးဖို့ အထူးသင့်တော်ပါတယ်။ အရေးအကြောင်းတွေ သက်သာစေပြီး အသားအရေတင်းရင်းလာစေပါတယ်။ မျက်အိတ်ဖောင်းတာလည်း သက်သာစေပါတယ်။

Cosrx Advanced Snail Peptide Eye Cream


73.7% Snail Mucin + 2% Niacinamide တို့နဲ့ ပြုလုပ်ထားတဲ့ Eye Cream ဖြစ်ပါတယ်။ Brightening အတွက် အရမ်းကောင်းတာကြောင့် မျက်ကွင်းညိုတာ သက်သာစေပါတယ်။ ဒါ့အပြင် အရေးအကြောင်းတွေလည်း သက်သာကာ အသားအရေ တင်းရင်းလာစေပါတယ်။ Hydration ကောင်းကောင်းပေးနိုင်တဲ့အတွက် မျက်လုံးနားတစ်ဝိုက် အသားအရေ စိုပြည်လာစေပါတယ်။ Snail Eye Cream ဆိုပေမယ့် လိမ်းလိုက်ရင် အသားထဲစိမ့်ဝင်သွားတာလည်း မြန်ပါတယ်။




Some text some message..