Skin Care တွေကို ရေခဲသေတ္တာထဲထည့်သိမ်းဖို့လိုအပ်လား?
mmload.com
|
2023-10-13
အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းအများစုကို ရေခဲသေတ္တာထဲမှာထည့်ပြီးထိန်းသိမ်းသင့်တယ်လို့ လူအများစုကထင်ကြပါတယ်။ အမှန်တော့ ကိုယ်ဝယ်ယူလာတဲ့ Skincare ပစ္စည်းမှာ အဲ့လိုသိမ်းထားဖို့ညွှန်ကြားချက်မပါရင် သာမာန်အပူချိန်မှာပဲထိန်းသိမ်းလို့ရပါတယ်။ Skincare အများစုဟာ ဓာတ်ခွဲခန်းတွေထဲမှာ အပူချိန်အမျိုးမျိုးနှင့် စမ်းသပ်ပြီးမှ ထုတ်လုပ်ထားတာကြောင့် ရေခဲသေတ္တာထဲ အထူးတလည်ထည့်သိမ်းပေးထားဖို့မလိုအပ်ပါဘူး။
ဒါပေမဲ့ ရေခဲသေတ္တာထဲထည့်ထားတဲ့ Skin Care ပစ္စည်းတွေဟာ အေးပြီးတော့ လိမ်းတဲ့အခါမှာစိုစွတ်ပြီးအေးမြတဲ့ခံစားချက်ကိုရစေပါတယ်။ ပြီးတော့ မျက်လုံးကပ်တဲ့ Pad လေးတွေကို အအေးခံပြီးကပ်ပေးတာက မျက်လုံးအောက်ဖောင်းနေတာကို အနည်းအကျဥ်းသက်သာစေပါတယ်။ နီရဲယားယံနေတဲ့အသားအရေကိုလည်း အအေးခံထားတဲ့ Skincare တွေက အတိုင်းအတာတစ်ခုအထိ သာမာန် Skincare တွေထက်ပိုပြီးသက်သာစေပါတယ်။
ပြီးတော့ အပူချိန်ရွေးတဲ့ Victamin C Serum တွေကိုတော့ ရေခဲသေတ္တာထဲမှာသိမ်းထားမယ်ဆိုရင် သာမာန်ထက်ပိုပြီး သုံးစွဲနိုင်တဲ့သက်တမ်းကိုကြာစေပါတယ်။ ဒီလိုသိမ်းထားတဲ့နေရာမှာလည်း ရေခဲသေတ္တာထဲမှာ တောက်လျှောက်ထားထားတာမဟုတ်ဘဲ သုံးခါနီးတစ်နာရီအလို နာရီဝက်အလိုမှထားတာက ပိုပြီးအကျိုးရှိစေပါတယ်။
#အသားအရေ
#ခံစားချက်
#Skincare
#ရေခဲသေတ္တာ
#သက်တမ်း
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်