ဆောင်းရာသီဖက်ရှင်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာများ
mmload.com
|
2023-10-21

အေးစက်ပြီးတော့ လှနေတဲ့ဆောင်းရာသီမှာ ခရီးသွားရင်း ဒါမှမဟုတ် နေ့စဥ်ဘဝမှာဖက်ရှင်ကျကျဝတ်နိုင်ဖို့လိုအပ်တဲ့အရာလေးတွေကိုဖော်ပြပေးသွားပါမယ်။

(၁) လည်သာဂျက်ကတ်

တစ်နှစ်ပတ်လုံးဝတ်လို့ရတယ်ဆိုပေမဲ့ လည်သာဂျက်ကတ်တွေနှင့် အလိုက်ဖက်ဆုံးအချိန်ကတော့ ဆောင်းရာသီပါပဲ။ ရိုးရိုးထသွားထလာဖက်ရှင်အပေါ်မှာ လည်သာတစ်ထည်တင်လိုက်ရုံနှင့်အများကြီးပြောင်းလဲသွားနိုင်သလို ဆောင်းရာသီခရီးသွားဖက်ရှင်တွေအတွက်လည်း နံပါတ်တစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။



(၂) ဆွယ်တာ

ဆောင်းရာသီရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ဆွယ်တာတွေကလည်း ဆောင်းဖက်ရှင်အတွက်မရှိမဖြစ်ပါပဲ။ ပုံစံမျိုးစုံ အရွယ်အစားမျိုးစုံဆွယ်တာတွေကို ဆောင်းရာသီမှာပဲ လုပ်ခွင့်ရတာပါ။



(၃) ဂျင်းဘောင်းဘီ

သာမာန်ဖက်ရှင်တွေအတွက်လည်း နံပါတ်တစ်အသုံးဝင်တဲ့ဂျင်းဖက်ရှင်ဟာ ဆောင်းဦးမှာလည်း ရှိထားသင့်တဲ့အရာပါပဲ။ အရောင်ပိုမှိုင်းပြီး ဖိနပ်တွေကိုမြင်သာစေနိုင်မယ့်ဂျင်းတွေက မရှိမဖြစ်ပါပဲ။



(၄) ကုတ်အင်္ကျီများ

ကုတ်အရှည် အတိုတွေဟာဆောင်းဖက်ရှင်အတွက် အဓိကအချက်ပါပဲ။ ကုတ်တွေကိုထပ်ဝတ်ထားတာ ဒါမှမဟုတ် အပေါ်ကနေခြုံရုံခြုံထားတာ စသဖြင့် ဖက်ရှင်တွေအများကြီးထွင်လို့ရတဲ့ အရာဖြစ်ပါတယ်။



(၅) ဖိနပ်များ

ဆောင်းရာသီအတွက် မရှိမဖြစ် ဖိနပ်တွေကလည်း ဖက်ရှင်ပိုင်းအရရော ရာသီဥတုနှင့်ပါလုံးဝကိုက်ညီတဲ့ဖိနပ်တွေပါ။ ဖိနပ်တစ်ရံဟာ ဝတ်စားပုံတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တဲ့အထိ သက်ရောက်နိုင်သလို ပိုမိုက်တဲ့ဖက်ရှင်ကိုရအောင်လည်းလုပ်ပေးနိုင်ပါတယ်။




Photos from Pinterest





Some text some message..